S-2 (5)

4.7K 275 16
                                    

💘 Season II Part - 5 💘

-------------

"ပြန်ခေါ်မယ် ဘာလို့ပြန်ခေါ်မှာလဲ သူအဆင်ပြေနေတာပဲမလား"

Laptop screenပေါ်မှာ ပေါ်နေသောမာမားမျက်နှာဟာ အလိုမကျသည့်သင်္ကေတအဖြစ် အချိုးမညီသောကောက်ကြောင်းတွေဖြင့် တွန့်ကုပ်သွားသည်။
တစ်ဆက်တည်းပြောလာသည့်စကားဟာ တခြားလူတွေပြောနေကျအတိုင်း ချမ်းသာသောယောကျာ်းကို လက်ထပ်ထားသူမို့ ဘာအခက်အခဲမှမရှိကြောင်း၊ ဘဝဟာ သာယာလှပနေမည်ဖြစ်ကြောင်းသာ…
Churchကျောင်းရှေ့မှာ wheelchairလေးနှင့်သွားလာနေသော ဒီနိုင်းရဲ့လက်ရှိဘဝပုံကိုသာမြင်လိုက်ရင် ဘယ်လိုစကားမျိုးထွက်လာမလဲမသိ။

"အဆင်ပြေမပြေ ကျွန်တော့်မျက်မြင်ပဲမာမား အဲ့ဒီအိမ်ထောင်ရေးမှာ သူအဆင်မပြေဘူး ဒီနိုင်း Suicideလုပ်ဖို့ကြိုးစားနေတာကြာပြီ"

"ဘယ်လို!"

"ပြီးခဲ့တဲ့၁၀ရက်လောက်က အိမ်ခေါင်မိုးပေါ်က ခုန်ချတယ်တဲ့"

ပါပါးမျက်နှာ သွေးဆုပ်ဖြူလျော်သွားကာ အလန့်တကြားဖြစ်သွားဟန်ဖြင့် screenကို ဆွဲလှည့်ပစ်လိုက်သည်။
ဒီအကြောင်းတွေကို ပါပါးမသိအောင်ဖုံးကွယ်ထားသည့် ကိုကြီးကပဲတော်သလား၊ ပါပါးကပဲ ညံ့ဖျင်းသလားတော့ မသဲကွဲ။

"ပါပါးရဲ့ရှယ်ယာတွေကရော ဘယ်လိုရှိလဲ"

"အတော်လေးအဆင်ပြေနေပါပြီ ဒါပေမယ့် ငါ့သမီး ဒီလိုဖြစ်ရလောက်တဲ့အထိ သူတို့ ဘာပြဿနာရှိထားလို့လဲ"

"ပါပါးကို ကျွန်တော် အမှန်အတိုင်းပဲပြောပြတော့မယ်"

သူ ပါပါးမသိသေးသော William, ဒီနိုင်းနှင့်ဒီရေကြားက secret meetingလေးမှအစပြုကာ လက်ထပ်ပွဲအကြောင်း အပေးအယူတွေအကြောင်းကိုပါ ပြောပြလိုက်သည်။
Screenပေါ်က ပါပါးမျက်နှာဟာ အံ့ဩလွန်းမကအံ့ဩလာပြီး သူ့စကားဆုံးသည်နှင့် ခေါင်းငုံ့သွားတော့၏။

"အဲ့ဒါပါပဲ ပါပါး ကျွန်တော့်ကြောင့် သူအခုလိုဖြစ်သွားတာ"

ဒီအကြောင်းတွေပြန်ပြောဖြစ်တော့မှ နက်ဖာဆူရာမွန်ဆိုသော နာမည်တစ်ခုကိုပြန်သတိရလိုက်ကာ ဂီဇာကပြန်လာသည့်ညကတည်းက နိုင်းက Suicideလုပ်ဖို့စတင်ခဲ့သည်ပဲ။
ဂီဇာမှာများ ထိုအမျိုးသမီးနဲ့ပတ်သက်ပြီး ပြဿနာတက်ခဲ့သလား…
နက်ဖာဆူရာမွန်နဲ့ပတ်သက်ပြီး ပါပါးကိုစိတ်နာသွားလို့ အိမ်ပြန်မလာတော့တာလား…

EvermoreWhere stories live. Discover now