S-2 (6)

4.9K 275 19
                                    

💘 Season II Part - 6 💘

-------------

'တီ'ဆိုသည့် အသံစူးစူးကြီးဟာ ရပ်တံ့မသွားတာမို့ ဆတ်ခနဲလှည့်ကြည့်မိချိန် နိုင်းဘေးက ဆရာဝန်နှင့်အစေခံတို့က ပြေးလွှားအလုပ်ရှုပ်နေကြ၏။
ရပ်တံ့မသွားသည့်အသံစူးစူးဟာ နှလုံးခုန်စက်ဆီကလာတာဖြစ်ပြီး ထိုစက်ပေါ်မှာ မျဥ်းကြောင်းအစိမ်းလေးက အဖြောင့်အတိုင်း…

"နိုင်း"

"အရှိန်တင် 100 joules"

"Clear"

ရှော့ခ်တိုက်လိုက်၍ နိုင်းကိုယ်လေးမြောက်ခနဲဖြစ်ကာ အိပ်ရာပေါ်ပြန်ကျလာချိန် မျဥ်းဖြောင့်လေးက လှိုင်းအနည်းငယ်တွန့်သွား၏။
နိုင်းကို စိုးရိမ်တကြီးကြည့်မိတော့ သူမက လှုပ်မလာသေး…

"150 joules"

"Clear"

ဒီတစ်ခါ ရှော့တိုက်အပြီးမှာ အသံပြန်ပြောင်းသွားသည့် နှလုံးခုန်စက်သံနှင့်အတူ နှလုံးခုန်လှိုင်းလေးတွေပြန်ထလာ၍ သက်ပြင်းချလိုက်မိသည်။
အိပ်နေရင်းနဲ့တောင် သေဆုံးသွားနိုင်သောအဖြစ်ကို လက်တွေ့မြင်လိုက်ရပြီမို့ မနက်က ဆေးအိတ်ပြောင်းခိုင်းခဲ့သည့်အဖြစ်ကို သတိရသွားသည်။
အကယ်၍မပြောင်းဖြစ်ခဲ့ရင် နိုင်းကို ပြန်ရနိုင်ပါ့မလား…

"နောက်ထပ် Propofolမသုံးတာ ကောင်းမယ် ဝေလ် အခုတောင် ဦးနှောက်က  Respiratory systemမှာ တစ်ချက်တစ်ချက် အလုပ်မလုပ်တော့ဘူး နောက်ထပ်ဒီလိုကေ့စ်တွေ ခဏခဏထပ်ဖြစ်လိမ့်မယ်"

သူ ခေါင်းကိုသာညိတ်ပြလိုက်ပြီး လှိုင်းတွန့်လေးတွေပေါ်နေသည့် screenတစ်ခုကိုပဲ ရင်တမမဖြင့်ကြည့်နေခဲ့မိသည်။
သူမကို လက်လွှတ်ရင်လည်း လွှတ်လိုက်ရပါစေ၊ ဒီလိုမျိုးရှင်လျက်နှင့် သေဆုံးနေရသည့်ဘဝကိုတော့ မဖန်တီးချင်တော့…
ထို့အတူ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းထက် သူမရဲ့ပျော်ရွှင်ခြင်းကို ပိုပြီးလိုလားမိလာတာ ဘာကြောင့်လဲမသိ။

"ထင်ထားတဲ့အတိုင်းပဲ"

အေးစက်စူးရှသောအသံတစ်ခုကြောင့် ခေါင်းထောင်ကြည့်မိကာ အခုမှ အခန်းထဲမှာအာမန်လည်းရောက်နေမှန်း သတိထားမိသွားသည်။
ဒါ့အပြင် အာမန့်ဘေးမှာရှိနေသူက..

EvermoreWhere stories live. Discover now