S-2 (24)

5.6K 285 17
                                    

💘 Season II Part - 24 💘

-------------

"နိုင်း အနောက်မှာ အမေနဲ့ထိုင်မယ်"

ဟု သူမ ဂျီကျလာတော့ စိတ်ထဲကသိကအောက်ဖြစ်သွားမိကာ နိုင်းကို ခပ်စူးစူးကြည့်ပစ်လိုက်မိသည်။
ဒီကိုပြန်လာတုန်းက နှစ်ယောက်တည်းမို့ စကားပြောလိုက်၊ ကပ်ချွဲလိုက်နှင့် နိုင်းက သူ့အနားမှာရှိနေ၍ အပျင်းလည်းပြေရသလို ပျော်လည်းပျော်ရသည်။
အခုတော့ မယ်မင်းကြီးမက အမေနဲ့သာထိုင်ချင်သတဲ့…

"မရဘူး"

"ဟွန့်.. ကိုကလည်း အမေပျင်းနေမှာပေါ့လို့"

"မင်းအဲ့လောက်စကားများတာ အမေနားပူမှာပေါ့ အရှေ့ပဲထိုင်"

"ရပါတယ်သားကလည်း.. စကားပြောနေရင် အမေလည်းအပျင်းပြေတာပေါ့"

"ဟီး.. ဟုတ်တယ်နော"

စစ်ကူရသွားသည့်နိုင်းက သူဖြစ်ပျက်နေသမျှကို မသိချင်ဟန်ဆောင်ကာ အနောက်မှာပဲဝင်ထိုင်ပြီး တံခါးကိုပိတ်ပစ်လိုက်တော့ ကားတစ်စီးလုံးသိမ့်ခနဲဖြစ်သွား၏။
နိုင်းစုတ်လေး..
မသိချင်ယောင်ဆောင်နေတာ
မင်း တွေ့ကြသေးတာပေါ့…

💘💘💘💘💘💘

တောင်ကြီးကိုပြန်ရောက်သည်နှင့် သံလွင်က နိုင်းတို့ကို အိမ်မှာထားခဲ့ကာ ချက်ချင်းဆေးရုံကိုပြန်ထွက်သွား၍ အမေက တံတောင်နှင့်တွက်ကာ…

"သားက စိတ်ဆိုးနေတာလား"

ဟု မေးလာ၏။
အမေနဲ့အတူထိုင်တာကို သူစိတ်ဆိုးနေမှန်းသိပေမယ့် ကလေးဆိုးကြီးလုပ်နေ၍ အမြင်ကတ််မိသလို ရယ်လည်းရယ်ချင်နေမိသည်။
တစ်ခါတလေများ သူ့ကိုပစ်ထားသလိုဖြစ်သည့်အရေးမှာ စူပုတ်ပွထနေလိုက်ပုံများ…
နိုင်း ခေါင်းညိတ်ပြလိုက်တော့ အမေက သဘောတကျရယ်ကာ နိုင်းပါးလေးကို ဖွဖွလေးဆွဲဖဲ့ပြီး…

"သူ့အဖေအတိုင်းပဲ"

"ညနေမှ နိုင်းလိုက်သွားလိုက်မယ်"

"ဟုတ်ပါပြီရှင် ငါ့သမီးကလည်း ယောကျာ်းကိုသိပ်မချစ်ရှာဘူး ချက်ချင်းပဲနော်"

"ချစ်တာပေါ့လို့"

အမေက ဘာမှမပြောတော့ဘဲရယ်နေတာမို့ နိုင်း ရှက်သွားမိကာ ပစ္စည်းတွေကိုကားပေါ်ကချရင်း မာမားရဲ့ကျောက်ပန်းချီကို တယုတယလှမ်းယူလိုက်သည်။
ဘယ်နားထားရမလဲဟု စဥ်းစားတော့ လက်ဝါးကပ်တိုင် ချိတ်ထားသည့်နံရံမှာချိတ်ဖို့ စိတ်ကူးက အလိုလိုဖြစ်သွား၏။
မာမားဟာ နိုင်းကို အသက်ကိုရော၊ ဘဝကိုပါ ဖန်တီးပေးခဲ့တာမို့ နိုင်းအတွက် သခင်ပဲမလား…

EvermoreWhere stories live. Discover now