Extra

9.9K 413 26
                                    

💘 Extra 💘

-------------

"ကို"

အထိတ်တလန့်အော်သံကြောင့် သူ ဖျတ်ခနဲဖြစ်သွားပြီး Zoom meetingလုပ်နေရာမှ လက်ကာပြလိုက်ပြီး သူမအသံကြားလိုက်ရာဆီ ထပြေးလာခဲ့သည်။
နိုင်းက ရေခဲမုန့်ဘူးထဲမှာ သရက်သီးအချောင်းလေးတွေကို ထိုးစိုက်ထားရင်း မျက်လုံးလေးပြူးနေ၍ စိုးရိမ်စိတ်တွေမြင့်တက်သွားရသည်။

"ဘာဖြစ်လို့လဲ ခလေး"

"ကန်တယ် ဒီနားလေးကို"

သူ့လက်ကိုဆွဲယူပြီး ဗိုက်ကလေးပေါ်တင်ပေးတော့ စူထွက်စပြုနေသော ဗိုက်ကလေးက ဖြူဖြူဥဥလေးဖြင့် အသည်းယားစဖွယ်။
မိသားစုဘဝလေးကို သူမကိုယ်တိုင်က လိုချင်နေခဲ့ပြီမို့ ဆေးမသုံးတော့ဘဲ ကိုယ်ဝန်ဆောင်စေခဲ့ကာ အခုဆို နိုင်းရဲ့ကိုယ်ဝန်က ၆လထဲရောက်နေပြီဖြစ်သည်။
ကိုယ်ဝန်ရကတည်းက သူမဟာ ပေါက်ကရတွေစားချင်သလို အခုလည်း တခါမှမကြားဖူးသည့် ရေခဲမုန့်ကိုသရက်သီးနဲ့ တို့စားသတဲ့…

"လန့်သွားတာပဲ နိုင်းရယ် ဘာများဖြစ်သလဲလို့"

"နိုင်း အကန်ခံလိုက်ရလို့ပါ"

"လာ.. မင်းကိုမျက်စိကွယ်ရာမှာ ထားလို့မရတော့ဘူး ကိုယ် zoom meetingလုပ်နေတယ် ကိုယ့်ဘေးမှာထိုင်နေ"

"ဒါစားမယ်နော်"

"နည်းနည်းပဲစားရမယ် ရေခဲမုန့်ရော၊ သရက်သီးရော မင်းနဲ့မတော်ဘူးလေ စားတယ်ဆိုရုံပဲစားရမယ်"

"အင်း နည်းနည်းပဲ"

ခေါင်းလေးညိတ်ပြပြီး သူ့နောက်ကလိုက်လာသောနိုင်းကြောင့် လက်ကလေးမှဆွဲခေါ်ခဲ့ကာ အခန်းထဲပြန်ဝင်လာခဲ့သည်။
Zoom meetingမှာ တခြားဆရာဝန်တွေလည်းရှိနေ၍ ကလေးထိန်းသလိုလိုက်ထိန်းနေရသည့် သူ့အဖြစ်ကိုကြည့်ပြီး ပြုံးစိစိ။

"ဆရာသမား ပြည်သူ့ဆေးရုံကနေ Leoponဆေးရုံအုပ်ဖြစ်သွားလို့ အေးချမ်းမလားမှတ်တယ် ကလေးထိန်းနေရပါလား"

"ကလေးက ကလေးလွယ်ထားလို့ပါ"

"ဟုတ်တာပေါ့ဗျာ"

ဒါကိုကြားလိုက်သောနိုင်းက ပြုံးစိစိဖြင့် သူ့ကိုကြည့်ကာ သရက်သီးတွေနှင့်ရေခဲမုန့်ကို တို့စားရင်း ဘေးမှာထိုင်စောင့်နေသည်။
ခဏအကြာတော့ နိုင်းကပျင်းလာပုံရပြီး သူ့ပေါင်ပေါ်ခေါင်းလေးတင်ကာ ခွေခွေလေးအိပ်ပျော်သွားတော့၏။

EvermoreWhere stories live. Discover now