4

6.6K 234 14
                                    

💘 Part - 4 💘
-------------

"မင်းအဆင်ပြေရဲ့လား ဒီနိုင်း"

မျက်နှာတည်တည်လေးဖြင့် တိတ်ဆိတ်နေသောနိုင်းကိုကြည့်ကာ သူ နှုတ်ကထုတ်မေးလိုက်ပေမယ့် နိုင်းရဲ့အကြည့်တွေက သူ့ဆီပြန်ရောက်မလာခဲ့။
Hotelအမိုးပေါ်မှ ခပ်ဝေးဝေးကမီးရောင်တွေကိုငေးနေခဲ့ကာ ဒီရေမရှိတာမို့ တော်သေးသည်။
သူ့ကလေးလေးဟာ နိုင်းကိုသိပ်ချစ်သလို သူ့အစီအစဥ်ကိုပြောခဲ့တုန်းက ငြင်းခဲ့တာခါးခါးသီးသီး။

"ကျွန်တော့်အတွက်နဲ့ မမအပေါ်အဲ့လိုမလုပ်ရက်ဘူး"

ကိုယ်လည်း ဘယ်လုပ်ရက်ပါ့မလဲ။
ဒီနိုင်းဆိုတာ ကိုယ့်ရဲ့မွေးရပ်မြေက သူစိမ်းတစ်ယောက်ဖြစ်သလို နိုင်းတို့ပါပါးဆီကတစ်ဆင့် ပြန်သိရသောနိုင်းရဲ့အကြောင်းတွေကြောင့် ပိုပြီးဂရုဏာသက်မိသည်။

သက်ပြင်းချသံသဲ့သဲ့လေးဖြင့် နိုင်းက မျက်နှာလေးပြန်လှည့်လာကာ သူ့လက်ထဲက တစ်ဝက်တောင်မကျိုးသေးသော စီးကရက်ကိုဆွဲယူသည်။
တရှိုက်နှစ်ရှိုက်လောက်ဖွာလိုက်ကာ မျက်နှာမော့ပြီး မီးခိုးငွှေ့တွေကို လှလှပပလေး ဝေ့သွားအောင် မှုတ်ထုတ်လိုက်သည်။

"ဒါလင့်ရဲ့အဖေကရော ဘယ်လိုလဲ"

"သိပ်အခြေအနေမဟန်ပါဘူး အလွန်ဆုံး ၈လပဲ ငါတို့ဒီ၈လမှာပဲ အခက်အခဲဖြစ်မှာပါ မင်း ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ပါပါးအတွက်ပဲ"

"ပါပါးအတွက်ဆိုရင်တော့ စိတ်ချပါ မင်းပါပါးရဲ့လုပ်ငန်းက အတော်လေးအရှုံးပေါ်နေတာ ငါကူညီထားပါတယ် ပြန်အဆင်ပြေလာမှာပါ"

"ပါပါးကို အဆင်ပြေနေတယ်လို့ထင်ထားတာ ဒါပေမယ့် ပါပါးက သိပ်နှုတ်လုံတာပဲ"

"မင်းအဖေနှုတ်လုံတာက မင်းတို့ကိုစိတ်မဆင်းရဲစေချင်လို့ပါ သူ့စေတနာကိုတော့ နားလည်ပေးလိုက်ပါ"

သူ စီးကရက်ကိုပြန်မယူတော့ဘဲ အသစ်တစ်လိပ်ထုတ်ကာ မီးညှိပြီးဖွာရှိုက်ပစ်လိုက်သည်။
ချစ်ရသူဟာတစ်ယောက်ဆိုပေမယ့် ဒီနိုင်းကိုလည်း ညီမလေးလို သံယောဇဥ်တွယ်မိသည်သာ…

EvermoreWhere stories live. Discover now