S-2 (8)

5.1K 289 14
                                    

💘 Season II Part - 8 💘

-------------

"ဘာဆိုင်လို့လဲ"

ထင်ထားသည့်အတိုင်း တစ်ဖက်လူက တင်းမာသွားကာ အကြည့်တွေကအစ စူးစူးရဲရဲဖြစ်လာပြီး မျက်မှောင်ကုပ်သွားတော့သည်။
ဒီအခြေအနေကို ကြိုတွက်ပြီးသားမို့ သူ ပခုံးတွန့်ပြလိုက်ပြီး ထိုင်ခုံမှာခပ်လျော့လျော့မှီထိုင်ကာ စားပွဲပေါ်လက်တင်လိုက်၏။

"ကျွန်တော်တောင်းဆိုတာ များသွားလို့လား"

"များတယ် ငါက အရောင်းအဝယ်လာလုပ်တာ မင်းတို့ခံစားချက်တွေအတွက် တံတားလာခင်းတာမဟုတ်ဘူး"

"အခုလည်း တံတားခင်းခိုင်းတာမဟုတ်ပါဘူး ကျွန်တော် အဲ့ဒီဆရာဝန်ကို နှစ်လလောက်ငှားချင်ရုံပါပဲ"

"အဲ့ဒီကောင်ကို ငါအပိုင်ဝယ်ထားတာမဟုတ်ဘူး ပြီးတော့ ငါ့လက်အောက်ကိုရောက်နေတိုင်း ငါခိုင်းတာလုပ်ရမယ်လို့ ဘယ်သူ့ကိုမှအမိန့်ပေးမထားဘူး အဲ့ဒါသူ့ရဲ့personal"

"ကျွန်တော့်အနေနဲ့ အဲ့ဒီဆရာဝန်ကို သွားတွေ့လို့မရလို့ပါ လူနာက အဲ့ဒီလူကိုလိုအပ်နေတယ်"

"အဲ့ဒါငါနဲ့ဘာဆိုင်လဲ အခု ငါမင်းဆီက M9တွေလိုချင်တယ် မင်းကဈေးပြောရုံပဲ ငါကြိုက်ရင်ဝယ်မယ် ရောင်းမှာလား မရောင်းဘူးလား"

"ကျစ်!"

အတော်ပြတ်သားတဲ့ Leoponပဲ။
သံချည်သံမျှင်တွေစားပြီး ကြီးပြင်းလာသလားမသိအောင် မာကျောနေကာ တကယ့်အချေမင်းသားမို့ အကြံထုတ်ရင်း ခေါင်းကုတ်နေလိုက်သည်။
သံလွင်မင်းခဟာ ဒီလူ့ဆီမှာအလုပ်လုပ်နေတာမို့ ထိုဆရာဝန်ကိုမှ လိုချင်နေသည့်အဖြစ်ဟာ…

"ပြန်စဥ်းစားပါဦး ကိုထက်ဘုန်းလျှံ ကျွန်တော်ပြောတာက သံလွင်မင်းခကို လူနာတစ်ယောက်တည်းအတွက် သီးသန့်ငှားဖို့ပါ ကျွန်တော့်ဆီမှာ အလုပ်လုပ်ခိုင်းမှာ မဟုတ်ပါဘူး
လူနာက Propofolအသုံးများပြီး အာရုံကြောတွေတုံ့ဆိုင်းသွားတာပါ ဒီအတွက်ဆရာဝန်တစ်ယောက်လိုအပ်တာပါ"

"အေးလေ လိုအပ်နေရင် မင်းတို့ Russiaမှာ ဆရာဝန်မရှိလို့လား ဘာလို့ငါ့လူကိုမှ ရချင်နေတာလဲ"

EvermoreWhere stories live. Discover now