S-2 (25)

5.8K 305 18
                                    

💘 Season II Part - 25 💘
--------------------

"ဘာ!!"

ကြားလိုက်ရသည့် သတင်းစကားကိုမယုံနိုင်သောကြောင့် ဖျတ်ခနဲထထိုင်လိုက်မိသည်အထိ ဖျတ်ဖျတ်လူးသွားမိသည်။
အာမန်နဲ့အဆက်အသွယ်ပြတ်နေခဲ့တာ ကြာပြီဖြစ်ကာ ဒါပထမဆုံးပြန်ဆက်သွယ်ခြင်းဖြစ်သည်။
သို့သော် ကြားလိုက်ရသည့်သတင်းက…

"ဟုတ်တယ် Williamဆုံးသွားပြီ"

"ဘယ်လိုဖြစ်လို့လဲ"

"ခုညနေပိုင်းမှ Accidentဖြစ်တာ ကားကိုအရှိန်တင်ပြီးတံတားကိုဖြတ်လာတာတဲ့ အဲ့ဒီမှာ သူ့အရှိန်နဲ့သူ မထိန်းနိုင်တော့ဘဲ နိုင်းမြစ်ထဲ…"

သူ ခြေထောက်တွေ ခွေယိုင်မတတ်ဖြစ်ကာ ဘေးက စားပွဲကို ထိန်းကိုင်လိုက်ရသည်အထိ သွေးပျက်သွားမိသည်။
ဘယ်လောက်ပဲ မုန်းတီးနာကြည်းနေနေ ကိုကြီးကို အခုထိချစ်နေဆဲဖြစ်ကာ ဒီလိုနှုတ်မဆက်ဘဲပျောက်ကွယ်သွားလိမ့်မည်ဟုလည်း တစ်ခါမှမတွေးခဲ့ဖူး။

"သူ တကယ်ပဲ.."

"ဟုတ်တယ် ဒီရေ ငါ အလောင်းကိုအတည်ပြုပြီးပြီ"

သူ မျက်လုံးတွေကိုမှိတ်ချလိုက်မိသည့်အခါ အမြင်အာရုံထဲ ကိုကြီးမျက်နှာပြန်ပေါ်လာပြီး ရင်ထဲမှာ ဆို့နစ်ကြေကွဲသွားမိသည်။
သူ့ကိုယုန်ပေါက်လေးဟု ချစ်စနိူးခေါ်တတ်တာ ရယ်လိုက်တိုင်း ချောမွေ့ခန့်ညားသော၊
ဒီနိုင်းကိုချစ်သည့်စိတ်ဖြင့် အရူးဖြစ်ခဲ့သော ထိုလူဟာ ဒီကမ္ဘာမြေမှာ မရှိတော့ပြီ..
သေဆုံးခဲ့တာတောင် နိုင်းမြစ်ထဲမှာတဲ့လား…

"အစာအိမ်ထဲမှာလည်း Alcoholတွေ့တယ် အဆုတ်ထဲမှာရေတွေပြည့်နေတယ် ရေမွှန်းပြီးသေဆုံးထားတာ လုပ်ကြံခံရတာမျိုးမဟုတ်ဘူးကွာ သူ့ဘာသာအရက်မူးပြီး.."

"ကိုကြီးက အရက်ကို မူးအောင်သောက်တတ်တဲ့သူမှမဟုတ်တာ"

"ငါလည်းအဲ့ဒါကို သံသယဝင်နေတာ ပြီးတော့ သူ့ရဲ့သေတမ်းစာမှာ သူ သေဆုံးခဲ့ရင် သူ့နာမည်နဲ့ပိုင်ဆိုင်သမျှကို ဒီနိုင်းကိုလွှဲပေးထားတယ်"

"ဟင်!"

ဒီရေ့အသံတိတ်သွားတော့ အာမန်သည် ​ရှေ့မှာရှိနေသောစာချုပ်တွေထဲက စာရွက်အဖြူလေးတစ်ရွက်ဆီ အကြည့်ရောက်သွားသည်။
My little sister Amandaဟု ရေးထားသောကြောင့် ထိုစာရွက်ကိုလှမ်းယူလိုက်သည့်အခါ ဝိုင်းစက်သော အစ်ကို့လက်ရေးကို တွေ့လိုက်ရ၍ ဖုန်းချပစ်လိုက်သည်။
အစ်ကို သူမကိုဘာမှာထားခဲ့တာလဲ…

EvermoreWhere stories live. Discover now