8

5.6K 227 15
                                    

💘 Part - 8 💘
-------------

"နေဦး ငသံလွင် ဟိုတစ်ရက်က Foreignerက တကယ်ပဲမင်းကောင်မလေးလား"

ဂျူတီဝင်ဖို့ကျောပိုးအိတ်ကိုချရုံရှိသေး၊ အတင်းမေးလာကြသော အုပ်စုကြောင့် သူ တစ်ချက်ပြုံးကာ ဘာမှမဖြေဘဲ ဂျူတီကုတ်ကိုထုတ်ယူလိုက်သည်။
Name plateကိုရင်ဘတ်မှာတပ်ကာ နားကြပ်ကိုထုတ်ယူလိုက်တော့ သူအရစ်ရှည်နေသမျှကို သည်းမခံနိုင်သော ထက်အောင်က လက်သီးနှင့်ထိုးတော့၏။

"ခွေးကောင်"

"အေး ဟုတ်တယ် ငါ့ကောင်မလေးကွာ သူက foreignerရုပ်ထွက်ပေမယ့် ဒီနိုင်ငံသားပဲ အသက်လည်းပြည့်တယ် ရပြီလား"

"မရသေးဘူး မင်းပုံစံက အေးတိအေးစက်နဲ့ ဘယ်ကဘယ်လိုဖြစ်ပြီး"

"ဘယ်လိုနေနေကွာ သူရော၊ငါရောချစ်လို့ တွဲကြတာပဲ အဲ့လောက်ဆိုတော်ရောပေါ့"

"ဒီနိုင်ငံသားတော့မဖြစ်နိုင်ဘူး"

"နိုင်ငံသားခံယူထားတာ သူ့ဇာတိက အီဂျစ်"

"Aww ဒါကြောင့် Foreignerရုပ်ထွက်နေတာကိုး လိုက်ပါတယ် မင်းတို့က"

"ရုတ်တရက်ဆိုတော့ မယုံနိုင်ဘူးဖြစ်သွားလို့ပါကွာ ကြိုက်လည်းကြိုက်တတ်တယ်နော် မင်းက"

သူ ပြုံးရုံသာပြုံးကာ ဘာမှမပြောဖြစ်ဘဲ နာရီကိုတစ်ချက်ကြည့်တော့ သူ့ဂျူတီရောက်ဖို့က နည်းနည်းလိုသေး၍ Laptopကိုဖွင့်လိုက်၏။
သို့သော် ထက်အောင်က ဘတ်ခနဲပြန်ပိတ်ချလိုက်ကာ သူ့ကိုကြည့်ပြီး…

"ဒီနိုင်းဆို ငါသိတဲ့ဒီနိုင်းများဖြစ်နေမလား"

ဟုပြောလာတော့ သူ နည်းနည်းစိတ်ဝင်စားသွားသည်။
သူမ လှလို့၊ ချစ်စရာကောင်းလို့ဆိုတာထက် သူကိုယ်တိုင်က ထိုမိန်းကလေးကိုမြတ်နိုးမိ၍ တွဲဖြစ်ခဲ့ပေမယ့် နိုင်းအကြောင်း ဘာမှမသိသေး။
ပြည့်စုံသောမိသားစုကမှန်း သိပေမယ့် ဘယ်၍ဘယ်မျှဆိုတာလည်း ဘာမှမသိပါဘဲ သူသိတာက နိုင်းတစ်ယောက်တည်းသာ။
ပြီးတော့ သူမ ဖန်ခွက်နဲ့ရိုက်ခဲ့သည့် ဒီနွေ..
သူမ စကားထဲပါလာတတ်သော ဒီရေ…

"Hotelနှင့်ခရီးသွားလာရေးအဖွဲ့ထဲကပဲ ဦးဒီပါရဲ့သမီးလားလို့လေ သူတို့ကမောင်နှမ ၃ယောက်ရှိတာ ဒီနိုင်းကအကြီးဆုံး"

EvermoreWhere stories live. Discover now