Part 4

15K 461 13
                                    

(Warning🚨 - 18+အခန်းများပါ၀င်တာကြောင့် အသက်18နှစ်မပြည့်သောကလေးငယ်များ ဖတ်ရန်မသင့်တော်ပါ)

ဧကတစ်ယောက် အလုပ်ကအပြန် Bossသွားစစ်ခိုင်းထားသည့်Clubကိုသာမောင်းလိုက်သည်။ဧကClubထဲကို၀င်လိုက်တော့ လူတစ်ယောက်မှ ပြေးလာသည်။

"အဟဲ ညီလေးဧကဘာလာလုပ်တာလဲ"

"Bossခိုင်းထားလို့Clubလာစစ်တာ!"

"အဟဲ အခန်းစီစဥ်ပေးရမလား အသစ်လေးတွေရောရှိတယ်နော်"

"ကျုပ် စိတ်မပါသေးဘူး"

"အေးပါကွာ"

ဧကတစ်ယောက် Clubကိုလိုက်ကြည့်လိုက်သည်။ထိုအချိန်သူ့အား၀င်တိုက်သွားသည့်သူကြောင့်မျက်မှောင်ကျုပ်မိလိုက်သည်။သူ့အား၀င်တိုက်သည့်လူကို ရင်ဘက်ကအင်္ကျီစကိုဆွဲလိုက်ပြီးထိုးရန်ပြင်လိုက်သည်။

မျက်နှာကိုသေချာကြည့်လိုက်တော့ မျက်မှန်၀ိုင်း၀ိုင်းလေးကလဲ တပ်ထားပြီး ပါးနှစ်ဖက်မှာလဲတော်တော်လေးနီနေသည်။မျက်လုံးလေးများမှာလဲ ရီ​ေ၀​ေ၀ဖြစ်နေပြီးနှာခေါင်းလုံးလုံးလေးနှင့်နှုတ်ခမ်း ရဲရဲလေးလဲရှိသည်။ထို​ကောင်လေးကြည့်ရတာအလျှင်လိုနေသည့်ပုံနှင့် သူလက်ထဲကနေရုန်းနေသည်။

"ကျစ် မင်းမျက်လုံးကန်းနေလားဟမ်"

"ဟင့်အင်း ဖယ် Ahh ပေးပါ"

"မင်းဘာဖြစ်နေတာလဲ!! လူတစ်ယောက်လုံးကို၀င်တိုက်ပြီး တောင်းပန်ရမယ်ဆိုတာမသိဘူးလား!!"

"ဖယ်ပေး ဟင့်"

ထိုကောင်လေးက ဧကလက်ထဲမှ အတင်းရန်းထွက်နေတော့ ဧကကလဲ အင်္ကျီကိုပိုလို့ချုပ်ကိုင်ထားလိုက်သည်။ထိုအချိန်မှာပဲ လူတစ်ယောက်မှ သူတို့အားလက်ညှိုးထိုးကာ တခြားဘက်မှ လူနှစ်ယောက်အားအော်ပြောလိုက်သည်။

"ဟေ့ ဟေ့ကောင်တွေ ဟိုမှာ ဟိုကောင်လေးက"

"ဟင့်!!"

ဧကလက်ထဲကကောင်လေးက ပိုလို့ရုံးထွက်နေသည်။ဧကလဲစိတ်မရှည်တော့ပဲ ပုံခုံးနှစ်ဖက်အားချုပ်ကိုင်လိုက်သည်။ခဏကအော်ပြောနေသည့်သူနှင့် သူ့အဖော်နှစ်ယောက်သည် ဧကတို့နားအား မျက်နှာကျောတင်းတင်းနှင့် ခါးထောက်ရက်သားရောက်လာသည်။

အချစ်ကBaby.....Where stories live. Discover now