Part 12

8.8K 341 6
                                    

မောင်က အတော်ကြာသည်အထိ ဖက်ထားပြီးမှ  ဖယ်ပေးပြီးသူ့ခါးအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ။

"ဘယ်လိုလဲ ကျုပ်နဲ့လိုက်မှာလား"

"ဟိုအဲ့တာကလေ မောင်"

"အင်း"

"ကိုယ် အဆင်မပြေသေးဘူး"

"ဘာဖြစ်လို့လဲ!"

"ဟိုလေ"

"ပြီးရော မလိုက်လဲနေ ကျုပ်ပြန်တော့မယ်!"

မောင်က စိတ်ဆိုးကာ သူ့ခါးမှလက်နှစ်ဖက်အားပြန်ရုပ်လိုက်ပြီး ကားတံခါးအားဖွင့်ကာ ပြန်တော့မည့်ပုံစံကြောင့် အသော့် မရဲတရဲနှင့် လက်အားပြန်ဆွဲထားလိုက်တော့ မောင်က သူ့အား မျက်မှောင်ကျုန့်ကာ စိုက်ကြည့်လာသည်။

"ဘာလဲ!"

"ကိုယ်လိုက်မယ်လို့"

"သေချာလား!"

"အွန်း"

"သွားအ၀တ်စားတွေသွားထည့်"

"ဟင် အခုချက်ချင်းကြီးလား"

မောင်ကဘာမှပြန်မ​ဖြေပဲ ကားထဲ၀င်ထိုင်းပြီးစက်နှိုးလိုက်တာကြောင့်။

"မောင်! လိုက်မယ်လို့ ခဏ"

"မကြာစေနဲ့"

"အင်းအင်း"

အသော့်မှာ အိမ်ထဲကိုပြေး၀င်သွားရပြီး အ၀တ်များအား သူ့ခရီးဆောင်အိပ်ထဲသို့ အမြန်ထည့်ပြီး အသုံးအဆောင်များလဲ အမြန်ထည့်ရသည်။

တော်ကြာ ကြာလို့ဆိုပြီးမစောင့်ရင် ပြီးပါလေရော အဲ့ဒီမောင် ကလေ ဇွတ်ကြီးပဲ။ မောင့်ကားနား အထုပ်ဖျင့်မနိုင်မနင်းရောက်လာတော့ မောင်က ကားထဲမှဆင်းကာ အထုပ်အား နောက်ခန်းထဲသို့ထည့်လိုက်ပြီး သူ့ကို ကားတံခါးဖွင့်ပေးသည်။

"မောင်"

"အင်း"

"မင်းအိမ်မှာတစ်ယောက်ထဲနေတာလား"

"ကျုပ်ကို မင်းလို့မသုံးနဲ့"

"အာဟုတ်ပြီ မောင်က တစ်ယောက်ထဲနေတာလား"

"အင်း"

"မောင်"

"အင်း"

"မောင်ကလေ အရမ်းချောတယ်သိလား ကိုယ်ကြည့်လို့မ၀ဘူး"

အချစ်ကBaby.....Where stories live. Discover now