Part 11

9K 376 9
                                    

"ကိုကို"

"အင်း ပြောလေbaby"

အခုနောက်ပိုင်းbabyက သူ့အိမ်ကို တစ်ပတ်တစ်ခါပုံမှန်လာတက်သည်။အခုလဲ အိမ်ကိုရောက်ချလာပြီး ကိုယ်အလုပ်လုပ်နေတဲ့ဘေးထိုင်နေတဲ့ကလေးပေါက်။

"Babyတို့ကလေ သင်္ကြန်ကြရင် မေမေ့ ရွာကို အလည်ပြန်မလို့"

"အင်း ဘာဖြစ်လို့လဲ baby"

"အဲ့တာလေ ကိုကို လိုက်ခဲ့မလား"

သူပြောလိုက်တဲ့စကားကြောင့် ကိုကိုက သူ့အားကြည့်လာပြီး စကားဆိုလာသည်။

"babyက လိုက်စေချင်လို့လား"

"ဟုတ် ကိုကိုအားမှပါ"

"အင်း သင်္ကြန်ဆိုတော့ ကိုယ်လဲအားပါတယ် ကိုယ်လိုက်ခဲ့မယ်"

"ဟီး ကိုကို့ ကိုချစ်လိုက်တာ"

"​လာခြွေမနေနဲ့ ကလေးပေါက်"

"baby ကမခြွေလဲကိုကိုက ကြွေနေပြီဟုတ်"

"ဒီကလေးကတော့"

"ကိုကို Babyကို မချစ်ဘူးလားဟင်"

"အင်း ကိုယ်မသေချာသေးဘူး"

"အွန်းပါ"

"ကိုယ်တောင်းပန်ပါတယ် အသဲရယ် ကိုယ်မင်းကို မေတ္တာရှိပါတယ်"

"ဟုတ်ပါပြီနော် Baby စောင့်နိုင်ပါတယ်"

"ကျေးဇူးပါ အသဲရယ်"

"ဟီး အာဘွား မွမွ"

"ဘယ်နေ့သွားမှာလဲbaby ကိုယ်အလုပ်တွေအပြီးလုပ်ထားမလို့"

"နောက် တစ်ပတ်လောက်သွားဖြစ်မှာ"

"ကိုယ် လာကြိုလှည့်မယ်"

"ဟုတ် ချစ်တယ်ကိုကို"

"အင်း baby"

အကောင်ပေါက်လေးက သူ့အကျီပုခုံးစအားဆုပ်ကိုင်ရင်း ခန္ဓာကိုယ်ပေါ်တွက်တက်လာကာ သူ့လည်ပင်းအားမျက်နှာကပ်ကာချွဲနေသည်။

ခဏကြာတော့ အိပ်ပျော်သွားတာကြောင့် ခါးအားပြန်ပွေ့ထားလိုက်ပြီး အလုပ်ကိုသာဆက်လုပ်နေလိုက်သည်။
~~~~~~~~~~~~~~
"မောင် ဘယ်တွေ သွားနေတာလဲ"

"ကျုပ်အခု မြို့ပြင်မှာ"

"မြို့ပြင်မှာဘာလုပ်နေတာလဲ မောင်"

အချစ်ကBaby.....Where stories live. Discover now