Part 32

7.2K 331 21
                                    

(Warning 🚨🔞)

"ကိုယ်က ဘေဘီကိုယ့်ကို စိတ်ဆိုးပြီး ကားမောင်းထွက်သွားမလားလို့ ကြည့်နေတာ"

မှိုင်းထိုစကားကို ရယ်ပြီးစစနောက်နောက်ပြောလိုက်သည်။

"......"

"ကားသော့ရော ဘယ်မှာလဲ"

"ဟိုမှာလေ သော့ထိုးထားတာကို ကားက တစ်စက်ကလေးမှမရွေ့လို့ စိတ်တိုပြီး ဒီဘက်ဝင်ထိုင်နေတာ"

"ဟားဟား ဘေဘီရာ"

မှိုင်း အော်ရယ်မိသွားသည်။ ကားက ဘယ်လိုလုပ် သော့ထိုးလိုက်တာနဲ့ ဘယ်လိုလုပ်သူ့ဟာသူမောင်းသွားမှာလဲ ဒီကလေးနှယ့်။

"ကိုကိုနော် ဘာရယ်တာလဲ"

"ကိုယ့်ဘေဘီက အရူးလေးပဲ"

"ကိုကို!! ဘေဘီ့ကိုအဲ့လိုမပြောနဲ့ အရူးဆိုရင်တောင် ကိုကိုပဲ အဲ့အရူးကို လက်ထက်ခွင့်တောင်းခဲ့တာမဟုတ်လား ဒီမှာလေ"

ပြောပြီး လက်စွပ်ဝတ်ထားသည့် လက်အားထောင်ပြလာသည်။နောက်ဆုံးတော့လဲ မှိုင်းကပဲ ဆက်မစဖို့ဆုံးဖြတ်လိုက်ရသည်။

နောက်မို့ဆိုစိတ်ဆိုးပြီး သူ့စကားမပြောတော့မှာလဲဆိုးရသည်။

"ကဲ ကိုကိုက စတာပါဗျာ ကိုကို့ဘေဘီလေးကအတော်ဆုံးဟုတ်ပြီလား"

"ဟွန့်"

"စိတ်ဆိုးနေရင် ပြေတော့လေ ဘေဘီလေးကလဲ"

"ဒါဆို ကိုကို ဘေဘီ့ရဲ့ ဆန္ဒတစ်ခုကို ကိုကိုပါလိုက်လုပ်ပေးရမယ်"

"ဟုတ်ပြီဗျာ ကိုကိုဘေဘီလေးက ဘာဆန္ဒတွေများရှိနေတာလဲ"

"ကိုကို ဘေဘီနဲ့ တူတူ ဘီယာသောက်ပေးရမယ်"

"ဘာ မရဘူး လုံး၀မရဘူး"

"ကိုကို့ကလဲ"

"မရဘူး"

"ကိုကိုကလဲ ကိုကိုနဲ့သောက်မှာလေလို့"

"ရေသောက်တာတောင် မူးချင်နေတဲ့ ဘေဘီက ဘီယာသောက်အုံးမယ် မဖြစ်နိုင်ဘူး"

"ကိုကို တိုက်မှာလားမတိုက်ဘူးလား"

"မတိုက်ဘူး!"

"ရတယ်လေ ကိုကိုမသိအောင် ခိုးသောက်ရုံပဲပေါ့"

"ဘေဘီ့!"

အချစ်ကBaby.....Where stories live. Discover now