Part 14

8K 307 9
                                    

"အငယ်မ= ထိုင် ငါ့မောင် ဒီက အကိုတို့လဲထိုင်ကြနော်"

"ဟုတ်ကဲ့"

"အလတ်မ=ဒီမှာ မုန့်လေးတွေလဲစားကြ မင်းဆက် မမတို့ ဟိုဘက်ရွာသွားပြီး အအေးဘူးဧည့်ခံဖို့သွား၀ယ်လိုက်အုံးမယ် သူငယ်ချင်းတွေကိုဧည့်ခံထားလိုက်အုံးနော်"

"ဟုတ်"

"အငယ်မ=မမတို့သွားပြီနော်"

"ဟုတ်ကဲ့"

မင်းဆက်တို့အခုရောက်နေသည့်ရွာသည်။ မြို့နှင့်အလမ်း​ေ၀းပြီး အအေးဘူး၀ယ်ချင်လျှင် ဘေးမှ ရွာကြီး တစ်ခုအားသွား၀ယ်ရသည်။ ထို့အတူ မနက်စာ အီကြာကွေးတို့ လဖက်ရည်တို့ဆိုရင်လဲ ထို ဘေးရွာကိုသာသွား၀ယ်ရသည်။

စားပွဲပေါ်တွင် လက်ဖက်အုပ် ငှက်ပြောပေါင်း စာကလေးခွေကြော်(စာကလေးချီး) ငှက်ပြောသီး တစ်ဖျီး တို့ချခင်းဧည့်ခံထားတာကြောင့် အသော် လက်ဖက်အားစားမြည်အလုပ် မောင်မှ အသော့် ခါးအားလက်ဖျင့်ညှစ်ခါ......

"အာ့"

"ခင်ဗျား ချောင်းတွေဆိုးနေတယ် လက်ဖက်မစားနဲ့"

"ငါစားချင်လို့ပါ မောင်ကလဲ"

"မစားချင်နဲ့ ! တခြားဟာစား"

"တခြားဟာမှ ငါမကြိုက်တာ~~~"

"ကျုပ်စကားနှစ်ခါမပြောချင်ဘူး!"

"ဟွန့် မင်းက ဘာကြီးမှန်းကိုမသိဘူး ငါ့ကိုအလိုလဲ မလိုက်ဘူး မင်းနဲ့မထိုင်တော့ဘူး"

အသော် ဧကနှင့်ထိုင်နေသည့် ခုံတန်းရှည်မှ မင်းဆက်ရာတို့ထိုင်နေသည့်ခုံတန်းအားသွားထိုင်မည်မို့ ထလိုက်ပေမဲ့ ခါးအားဖက်ထားသည်လက်မှ သူ့အားဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်ပြီး ချုပ်ထားတာကြောင့်ထလို့မရပေ....

"ကျစ်!! ကျုပ်က ခင်ဗျားအတွက်ပြောနေတာ!!"

"မင်းငါ့ကို အော်ပဲအော်နေတယ်~~~"

"ကျုပ်ကိုဘယ်လိုခေါ်လိုက်တယ်!"

မောင်မှ သူပေါင်ပေါ် ကိုယ့်ပါးအား လက်တစ်ဖက်ဖျင့်ညှစ်ကာ သူ့အားမော့ကြည့်စေလိုက်သည်။ပါးအားညှစ်ထားသည့်လက်မှာသိပ်အားမပါတာကြောင့်တော်သေးသည်။ နောက်မို့ဆိုသူ၃ရက်လောက်ထမင်းမစားနိုင်ဖြစ်သွားနိုင်သည်။

အချစ်ကBaby.....Where stories live. Discover now