Part 19

7.1K 283 4
                                    

"မောင် ဟင့် ငါချမ်းနေပြီ"

"အင်း ပြန်စို့"

​"ကိုကို baby လဲ ချမ်းနေပြီ ဟက်ချေး!"

ပြောကိုမပြောချင်တော့တာ ခဏကကြတော့ သုံးယောက်သား ပတ်စရာလူမရှိလို့ အချင်းချင်းပြန်ပတ်ပြီးပျော်နေကြတာ မပတ်ကြနဲ့ပြောလဲမရဘူး အခုတော့ ကြည့် ချမ်းနေကြပြီ။

"ကိုယ် မင်းကို မပြာဘူးလားbaby မဆော့ပါနဲ့လို့"

"ကိုကိုကလဲ ဆူပါနဲ့"

"​ပြောရင်လဲ ဆူတယ်ဖြစ်ရတယ်"

"မမ ပြန်ကြစို့လေ"

"အငယ်မ= အော် အေး  အေးနေကြပြီလား"

"ဟုတ် မမကအေးဘူးလား"

"အငယ်မ= မအေးပါဘူး ဟဲဟဲ ပြန်စို့လေ မမလဲ ဗိုက်ဆာနေပြီ"

ရေခွက်များအား ပိုင်ရှင်ထံသို့ပြန်ပေးလိုက်ပြီး ပြန်လာခဲ့လိုက်ကြသည်။ လမ်းတစ်လျှောက်မှာလဲ ဒီလောက်အေးနေတဲ့ကြားထဲ ရေထဲဆင်းပြီး ဗေဒါပန်ခူးချင်နေသေးတဲ့ နှစ်ယောက်ကြောင့် ခပ်ဆပ်ဆပ်လေး ငေါက်ပစ်လိုက်တော့ နှစ်ယောက်သားငြိမ်သွားကြပြီး သူတို့သုံးယောက်အားချန်ကာ ရှေ့ဆုံးကနေ လက်တွဲပြီး ခပ်သွက်သွက်သွားနေကြတဲ့ကလေးနှစ်ယောက်။

~~~~~~~~~~~~~

"မောင်လေးနဲ့ အကိုတို့ အ၀တ်စားလဲ ပြီးပြန်ထွက်ခဲ့နော် ထမင်းစားမယ်သိလား လူကြီးတွေကတော့စားပြီးလောက်ပြီရယ်"

"ဟုတ်2"

"အင်း"

" မမလဲ အ၀တ်စားလဲလိုက်အုံးမယ် အအေးပတ်မှာဆိုးလို့"

အသီးသီး ကိုယ့်အခန်းထဲကိုယ် ၀င်သွားကြပြီးအ၀တ်စားများလဲနေကြသည်။

"အကြီးမ= ဟဲ့ အငယ်မ နင် ဟိုလူတွေနဲ့ တစ်တွဲတွဲ လုပ်မနေစမ်းနဲ့ လူမြင်မကောင်းဘူး"

"အငယ်မ= သမီးတို့က ဘာဖြစ်နေလို့လဲ ကိုယ့် တူလေးနဲ့ တွဲသွားတွဲလာလုပ်တာလေ သူစိမ်းနဲ့မှမဟုတ်တာ"

"အကြီးမ= နင်ဟာလေ  နင်မရှက်တက်ဘူးလား မင်းဆက်က အခြောက်ဟဲ့ သူ့ကြိုက်တဲ့သူကလဲ ဘာကြည့်ကြိုက်လဲမသိပါဘူး သူလဲ ချောမောနေတာကို ငါ့လို မိန်းမလှ ချောချောလေး ဆိုတော်သေး အခုဟာက ဘာမှအဖြစ်မရှိတဲ့ မင်းဆက်လိုအကောင်ကို..."

အချစ်ကBaby.....Where stories live. Discover now