part 13

8.7K 312 6
                                    

"သွား ပြန်တော့"

မှိုင်း လဲ စိတ်ကောက်နေသည့် အကောင်ပေါက်လေးအား ပေါင်ပေါ်သို့ကောက်တင်လိုက်သည်။

"ဖယ် မထိုင်ဘူး"

"babyစိတ်ကောက်တာချစ်စရာလေးမို့ကိုက စတာပါ"

"ဖယ် မသိဘူး"

"ကိုယ့်ကိုမချစ်ဘူးလား"

"မသိဘူး"

"Baby!"

မှိုင်းမှ အသံမာမာနဲ့ ​ထေါ်လိုက်တာကြောင့် ထိုအကောင်ပေါက်လေးက မျက်လုံး၀ိုင်းလေးနဲ့ကြည့်လာပြီး။

"ချစ်တယ်လို့"

"သေချာလား"

"အွန်း"

"ကိုယ်က ကိုယ့်Babyလေးစိတ်ဆိုးနေတာ ချစ်ဖို့ကောင်းလို့ စတာပါကွာ နော် ဘယ်သူ့ပုံမှမထားဘူး babyလေးပုံပဲထားမှာ"

"ပြီးတာပဲ ဟွန့်"

"အဲ့တာစိတ်ဆိုးတာလား"

"မဆိုးပါဘူး လာ အဖွားဆီသွားရအောင်"

"အင်း"

မှိုင်း အကောင်ပေါက်လေးဆွဲခေါ်ရာလိုက်ခဲ့တော့ အခန်း တစ်ခုထဲမှ ကုတင်ပေါ်တွင် ထိုက်ကာ ပုတီးစိတ်နေသည့် အဖွားတစ်ယောက်  အသက်ကြီးပေမဲ့ နုပျိုနေသေးသည်။

"ဖွား"

"ဟေ"

ထိုအဖွားက အကောင်ပေါက်လေးခေါ်မှ သူတို့အားသတိထားမိလာသည်ထင် ပြုံးပြလာသည်ကြောင့် မှိုင်းလဲ အလိုက်သင့်ပြန်ပြုံးပြလိုက်သည်။

"ဒါ သားရည်းစား"

"လာ ငါ့မြေးတို့ ထိုင်"

"ဟုတ်"

"ဒီက လူလေးက အဖွားမြေးရဲ့ချစ်သူနော်"

"ဟုတ်ကဲ့"

"အဖွားပြောချင်တာကတော့ အဖွားမြေးလေးကိုအလိုလိုက်ပေးပါ သူက မဆိုးတက်ပေမဲ့ တစ်ဦးတည်းသောသားဆိုတော့ နည်းနည်းတော့ ဂျစ် ချင်တယ်ကွယ် ငါ့မြေးကပဲသည်းခံပေးပါ"

"ဟုတ်ကဲ့ ကျွန်တော်babyကိုအကောင်းဆုံစောင့်ရှောက်မှာပါ သူဂျစ်လဲ ကျွန်တော် မငြိုငြၽပါဘူးဗျ"

"အေးကွယ် ငါ့မြေးမိဘတွေကရော ရှိသေးလားကွဲ့"

"ဟုတ်ကဲ့ ရှိပါတယ် ကျွန်တော်ငယ်ငယ်လေးကတည်းက ကွာရှင်းထားကြပြီး ကျွန်တော့်ကို ဘယ်သူမှမခေါ်ပဲပစ်သွားကြတာပါ အခုတော့ ကျွန်တော့် အဖေဆိုသူက နောက်မိန်းမယူထားတယ်လို့သိရပါတယ် အမေကလဲ နောက် ယောကျာ်းကပါတဲ့ကလေးတွေကိုအတော်ချစ်တယ်လို့တော့ကြားပါတယ်"

အချစ်ကBaby.....Where stories live. Discover now