Part 23

9.7K 307 22
                                    

(Warning- 18+အခန်းများပါ၀င်တာဖြစ်တာကြောင့် အသက်မပြည့်သေးသော ကလေးငယ်များဖတ်ရန်မသင့်တော်ပါ)

"ကိုကို အလုပ်လုပ်နေတာလား"

"အင်း"

"အော်"

"ဘေဘီက မအိပ်သေးဘူးလား"

ကိုကိုက laptop ကိုပဲအာရုံစိုက်ကြည့်နေရင်းမေးလာသည်။

"ဟုတ် ကိုကို့ ကိုစောင့်အုံးမယ် ဘေဘီလဲ မအိပ်ချင်သေးဘူး ဟီး "

သူထိုသို့ပြောလိုက်တော့မှ ကိုကိုက laptopအားပိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အား စိုက်ကြည့်လာသည်။

သူ၀တ်ထားသည့်အင်္ကျီလက်ရှည်အမဲပွပွကြီးမှာအောက်က ၀တ်ထားတဲ့ဂျင်းဘောင်းဘီအတိုလေးအား အုပ်ပြီး ပေါင်ကျော်ကျော်လောက်ထိရောက်နေသည် မသိမသာကြည့်လိုက်ရင် အောက်က ဘာမှ၀တ်မထားသလိုပင်။

"လှတယ် ဘေဘီ"

"ဟင်  အင့် ကိုကို့!"

ကိုကိုက သူ့အားရုတ်တရက်ပေါင်ပေါ်ဆွဲတင်လိုက်တော့ အနည်းငယ်လန့်သွားသည်။ကိုကိုက ပေါင်ပေါ်  သို့ တစ်ဇောင်း အနေအထားကနေ သူ့အပေါ်သို့ ခွရက်အနေအထား ပြောင်းစေသည်။

သူ့အရပ်မှာ အရင်ကတည်းက ကိုကို့ရဲ့ ခါးကျော်ကျော်သာရှိတာမို့ ပေါင်ပေါ်ထိုင်လ်ိုက်တာကိုပင် သူ့ခေါင်းက က်ိုကို့ မေးစေ့ကျော်ကျော်သာရှိသည်။ ကိုကိုက သူ့နှုတ်ခမ်းအား လက်မနှင့်  စိုက်ကြည့်ပြီး စကားဆိုလာသည်။

"ကိုယ် ဒီနှုတ်ခမ်းလေးကို သွေးတွေပေါက်ထွက်လာတဲ့အထိ ကိုက်ချင်တယ်"

"ဟင်"

မင်းဆက်လဲကိုကိုပြောသည့်စကားအား ပြန်လည်မဖြေတက်တာမို့ စကားရှာနေတုန်းမှာပင်.....

"ဘာမှမပြောဘူးဆိုတော့ လက်ခံတယ်လို့ပဲ ယူဆ လိုက်မယ်"

"အွန့်"

သူအခုအခြေနေအားဘာမှနားမလည်ပဲ ကြောင်လည်လည်ဖြစ်နေတုန်းကိုကိုက သူ့နှုတ်ခမ်းအား ဆွဲငုံလာသည်။ အပေါ်တစ်လှည့်အောက်တစ်လှည့်ငုံပြီးမှ အောက်နှုတ်ခမ်းအား လျှာနဲ့ လျက်လိုက်တာကြောင့် တစ်ကိုယ်လုံးပင် တုန်သွားရသည်။

အချစ်ကBaby.....Where stories live. Discover now