Part 22 🌚

12.9K 300 23
                                    

"ကိုကို ခဏက ကောင်လေးက ချစ်စရာလေးနော် ဖော်လဲဖော်ရွေတယ်"

"ဘယ်လို ​! "

ကိုကိုက သူ့အားစိုက်ကြည့်ကာ မျက်မှောင်ကလဲ ကျုန့်ထားသေးသည်။

"ရော် ကိုကိုကလဲ သ၀န်တိုနေတာလား ချစ်စရာကြီး ဟီး "

"အဟမ်း"

ကိုကိုက အရှက်ပြေချောင်းဟန့်လိုက်ပြီး တခြားဘက်သို့ အကြည့်လွှဲထားသည်။တကယ်ကို ကိုကိုက ချစ်စရာကြီး ဟိဟိ။

'တီ'

မှိုင်း ဖုန်း၀င်လာသည်ကြောင့်  ကြည့်လိုက်တော့ သူ့ ရန်ဖက်လို့လဲပြောလို့ရပြီး သူငယ်ချင်းလို့လဲ ပြောလို့ရသည့် မျိုးမဟော်ရှိန်း ဆီကပင်။ (semeအသစ်)

'ငါ မြန်မာပြည်ပြန်ရောက်နေပြီ မင်းအိမ်တောင်ရောက်ခဲ့ပြီမင်း ဘယ်ရောက်နေတာလဲ '

"ဘယ်သူလဲ ကိုကို"

"သူငယ်ချင်း"

"အော်"

'ငါ နယ်ဘက်ရောက်နေတာ'

'ဘာလို့ရောက်နေတာလဲမင်းက'

'ငါ့ချစ်ရသူက လာချင်တယ်ဆိုလို့ပေါ့ကွာ'

'ဟမ် မင်း ရည်းစားတောင်ရနေပြီလားကွ ငါတောင်မသိရဘူး'

'အင်း'

'မင်းရှိနေတဲ့နေရာ လိပ်စာပို့လိုက် ငါလိုက်လာခဲ့မယ်'

'ဘာလာ လုပ်မှာလဲ'

'ဟ မင်းဆီလာမှာပေါ့ကွ 5နှစ်ကြီးတောင် မတွေ့ရတဲ့ သူငယ်ချင်းကို'

'အင်း ..........အဲ့တာပဲ'

'အေး အခုထွက်လာခဲ့ပြီ'

'အေး မင်းသဘောပဲ ညကြီး ဂရုစိုက်အုံး'

'အေး'

အဲ့ကောင်က အဲ့လိုမျိုးပင် စိတ်မြန်လက်မြန်ရှိပြီး သူလုပ်ချင်တာကိုပဲ ဇွတ်လုပ်သည့်ကောင်။ Usက ကုမ္ပဏီမှာ 5 နှစ်ကြာအောင်အလုပ်လုပ်ခဲ့ပြီး အောင်မြင်မှုများစွာရလာမှ မြန်မာနိုင်ငံအား ပြန်လာခဲ့သည်။

"ကိုကိုသူငယ်ချင်းက လာမလို့လားဟင် ဒီကို"

''အင်း ဟုတ်တယ်"

ကိုကို့ သူငယ်ချင်းရောက်လာရင် ဖွားမူယာက ကြည်ဖြူပါ့မလား။ ဟုတ်တယ်လေ သူစိုးရိမ်ရမည်လေ သူတို့ မိသားစု အရင်းကြီးတောင်မှ အဲ့တစ်အိမ်လုံးရဲ့ စျေးဖိုးကိုအကုန်ကျခံပေးထားရတာလေ ကိုကိုတို့ဆိုရင်လဲ နေစရိတ်နဲ့စားစရိတ်ကို ပေးနေရသည်။

အချစ်ကBaby.....Where stories live. Discover now