သင်္ကြန်လဲပြီးသွားပြီး မေမေတို့ကတော့မပြန်သေးပေ ရွာမှာနောက်ထပ် ၁၀ရက်လောက်နေအုံးမယ်လို့ပြောသည်။ ကိုဧက ကတော့ ဒီနေ့မနက်ထဲပင် ကိုကို့ရဲ့အလုပ်ကိစ္စတွေကြောင့်ပြန်သွားရသည် အသော့်ကိုလဲ စိတ်မချဘူးဆိုကာပြန်ခေါ်သွားသည်။
ကိုကို့ သူငယ်ချင်းကလဲ အိမ်ကို နေ့တိုင်းလိုလိုလာသည်။ အရင်နေ့တွေက ညမိုးချုပ်တော့ လျှောက်သွားလို့မရပေမဲ့ ဒီနေ့ကတော့ ညနေလောက်ကတည်းကရောက်နေတာပြီးကိုကို့ ကိုလဲရွာထဲလမ်းလျှောက်ကာ စကားပြောမည်ဟုပြောလာတာကြောင့် အခုရွာထဲတွင် ရောက်နေသည်။
"မှိုင်း ငါဗိုက်ဆာတယ်ကွာ"
"ဒါဆိုပြန်တော့"
"ဟ တစ်ခုခုလိုက်ကျွေးလေကွာ"
"ဒီရွာမှာဘာဆိုင်မှမရှိဘူး"
"မင်းကလဲကွာ တစ်ခုခုတော့ရှိမှာပါ ညီလေး ဒီရွာမှာ သရေစာမုန့်ဆိုင်တစ်ခုခုတော့ရှိတယ်မလား"
"အာ ဒီနေ့က အင်္ဂါနေ့ဆိုတော့ အကြော်ဆိုင်က
မုန့်ပစ်သလပ် ရတယ်တဲ့""အေး အဲ့တာလိုက်ကျွေးကွာ"
င"ပြီးရော"
မင်းဆက်တို့လဲအရင်ကအကြော်ဆိုင်ကိုပဲရောက်သွားကြသည်။ ဆိုင်တွင် ဒီနေ့ပိုလူရှုပ်နေပြီး သူတို့လဲ စားပွဲတစ်ခုတွင်၀င်ထိုင်လိူက်တော့ အရင်နေ့ကကောင်လေးကလဲ ထိုနေ့ကလို အပြုံးချိုချိုလေးနဲ့ရောက်လာသည်။
"အကိုတို့ ဘာသုံးဆောင်ကြမလဲဗျ "
"ဟို ဒီနေ့က မုန့်ပစ်သလပ်ရတယ်ဆိုလို့ပါဟီး"
"ဟုတ် ရတယ်အကို အဖြူရှိမယ် အချဥ်စပ်ရှိမယ် ထန်းလျက်နဲ့ လုပ်တဲ့ ဟာရှိမယ်ဗျ"
"ကိုကိုတို့ ဘာစားကြမှာလဲဟင်"
"ကိုယ်က ဘဘေီ စားတာစားမှာ "
"ဟိုအကိုကရော"
"အကိုက ချဥ်စပ်'"
"ချဥ်စပ်လေးခု ညီလေး"
"ဟုတ်ဗျ"
ထိုကောင်လေးက သူ့အား ပြုံးပြပြီး သွားတော့မယ်အလုပ် ကိုကို့ သူငယ်ချင်းက လက်အား ဆွဲထားသည်။