(Unicode)
အရင်အတိုင်းဘာမှမပြောင်းလဲပေ...။
အချိန်အားဖြင့်15နှစ်တာ ကာလကြာပြီးမှ ဒါပထမဆုံးဒီခြံဒီအိမ်၏မြေကိုပြန်နင်းခြင်းဖြစ်သည်။
"ကျီ...."
အရောင်လွှင့်နေသော ခြံဝသံတံခါးကိုတွန်းဖွင့်လိုက်လျှင် ပတ္တာကြားရှိသံချေးများက အချင်းချင်းပွတ်တိုက်၍ တကျီကျီအော်မြည်လာသည်။
အရင်ကစိမ်းစိုနေသော မြက်ခင်းပြင်ကြီးက ခုတော့ခြောက်တွေကာ လမ်းတလျောက်ရှိပန်းအိုးများမှာလဲ ကွဲတဲ့ဟာကွဲ၊လဲတဲ့ဟာလဲပြိုလျက်ရှိသည်။အရောင်မရှိတော့သော အိမ်မကြီးကိုတချက်မော့ကြည့်ကာ ထယ်ယောင်းလျှောက်လာရင်းမှ တဖက်ခြံကိုလှမ်းကြည့်မိသည်။ခြံဝန်းနှစ်ခုကို ရင်ဘက်လောက်သာမြင့်သော သံပြားဖြင့်သာကာရံထား၍ ခေါင်းတလုံးစာဟိုဘက်ဒီဘက်မြင်နေရသည်။
"အဟင်း"
အကြောင်းပြချက်မရှိ ခြောက်ကပ်ကပ်တချက်ရယ်လိုက်ကာ ခေါင်းခါရမ်းပစ်သည်။ ဖျက်ခနဲမြင်ယောင်လာသော လုံးလုံးကျစ်ကျစ်ကောင်လေးအကြောင်းကို ဘယ်နည်းနဲ့မှသူ့အတွေးထဲဝင်ရောက်ခွင့်မပြု။
"ဝုတ်"
မေမေ့ခြံတံခါးဖွင့်လိုက်ကတည်းက ခြံထဲပြေးလွှာဆော့ကစားနေသော ယွန်တန်ကသူ့အားတချက်ကြည့်ကာ ဟောင်လေသည်။
"ယွန်တန်!လာ အထဲဝင်"
သူခေါ်လိုက်တာနဲ့ပြေးလာကာ ဖွင့်ထားသောတံခါးမှသူနှင့်အတူ အထဲဝင်လာခဲ့သည်။အသုံးအဆောင်ပစ္စည်း၊ပရိဘောဂ၊ အပြင်အဆင်များက အရင်ကအတိုင်းပင်။မိခင်ဖြစ်သူက ဘာမှမပြောင်းလဲထား။ဆုံးပါးသည်အထိအတိတ်ကို မမေ့နိုင်ခဲ့ပုံရသည်။
"တူ တူ တူ "
ဖုန်းသံတချက်ထွက်လာလျှင် ထယ်ယောင်းသူ့အင်္ကျီအိပ်ကပ်ရောဘောင်းဘီအိပ်ကပ်များပါမကျန် လိုက်နိူက်ကာရှာမိသည်။ပုံမှန်ဆိုသူ့ဖုန်းက သိပ်လာလေ့မရှိ၍ ကြုံရာပစ်ထားတတ်သည်။
*တွေ့ပြီ*
"ဟဲလို ဟျောင်း"
"မင်းရောက်ပြီလား"
JE LEEST
FLASHBACK
Fanfictieဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?