(Unicode)
"ချလွင်"
မှန်တံခါးတချပ်ကို သူတို့တွန်းဖွင့်ဝင်လိုက်သည်နှင့် ဆိုင်ထဲမှကောင်မလေးတယောက်က ပြေးလာကြိုလေသည်။
"ကိုယ်တို့ ကြိုချိန်းထားပြီးသား"
ကောင်မလေးကို ခပ်တိုတိုရှင်းပြလျှင် ထိုကောင်မလေးက နားလည်ကြောင်းခေါင်းငြိမ့်ပြသည်။ထို့နောက် ဂျီမင်လဲ အခန်းတွင်းမျက်လုံးတချက်ဝေ့ကြည့်၍ တစုံတယောက်ကိုရှာလိုက်သည်။တွေ့ပါပြီ...။ထောင့်စွန်းစားပွဲတခုတွင် မျက်မှန်ကြီးနှင့် စာငုံ့ဖတ်နေသောဂျွန်....။
"လာ"
ဂျွန်ကိုတွေ့သည်နှင့် အနောက်မှဉီးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော ထယ်ယောင်းကို ခေါ်ကာရှေ့ကသွားမည်အပြု လက်ကိုလှမ်းဆွဲလာသဖြင့် ဂျီမင်ပြန်လှည့်ကြည့်လိုက်သည်။
"ဆိုင်ထဲမှာလူတွေနဲ့ မင်းကိုရိပ်မိကုန်လိမ့်မယ် လွှတ်!"
ဂျီမင်ခပ်ကြိတ်ကြိတ်ဆူရင်း ထယ်ယောင်းကိုင်ထားသော သူ့လက်ကိုပြန်ရုန်းမိသည်။သို့သော် ထယ်ယောင်းကလွှတ်မပေး ပိုလို့ပင် တိုးကိုင်လာသည်။
"မင်းက ငါ့အပိုင်ဆိုတာ တလောကလုံးသိသွားလဲရတယ်"
"ဒါဆို ဘာလို့ရုပ်ဖျက်လာလဲ"
ထယ်ယောင်းစကားကိုဂျီမင် အမြင်ကပ်ကပ်နှင့်ဘုကန်လန့်ပြောလျှင် ထယ်ယောင်းက သူ့အားတချက်စိုက်ကြည့်လာကာ ဉီးထုပ်ကိုဆွဲချွတ်ပစ်ရန်ပြင်လေသည်။
"ဟာ...ရူးနေလား မချွတ်နဲ့ဝတ်ထား"
ဆိုင်ထဲမှာပင်နှစ်ယောက်သားခပ်ကြိတ်ကြိတ် ရန်ဖြစ်နေရသည်။ခဏနေ ဂျွန်နဲ့တွေ့ရင် ဘယ်လိုရှေ့ဆက်လုပ်ကြမည်နည်း။
"ငါမင်းကို ဖုံးကွယ်ထားဖို့အစီအစဉ်မရှိဘူး ဂျီမင် ငါ့ကြောင့်မင်းကိုအနှောက်အယှက်မဖြစ်စေချင်ရုံပဲ မင်းအဆင်သင့်ဖြစ်တဲ့နေ့ပြော ငါတလောကလုံးကို ချပြမယ်"
"အင်းပါ မင်းစကားသာအတည်ဖြစ်ပါစေ"
မျက်နှာတည်တည်နှင့်ဆိုလာသော ထယ်ယောင်းစကားကြောင့် ဂျီမင်ထယ်ယောင်းလက်ကိုပြန်ဆုပ်ကိုင်ကာ တခွန်းလောက်ပြန်ခံပြော၍ ဂျွန်ထိုင်နေရာသို့ဆွဲခေါ်လာခဲ့သည်။ထို့ပြင် ဒါဟာ ဂျွန်နှင့်ထယ်ယောင်း အပြင်မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ခြင်းပင်မဟုတ်ပါလား။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?