(Unicode)
"အာ့ကိစ္စ ဟုတ်သလား"
"ရူးးးးမင်းအသံလျော့စမ်း"
"မလျော့နိုင်ဘူး ရှင်အမှန်တိုင်းပြော"
ညစာစားပြီး သူတို့ညီကိုနှစ်ယောက် အခန်းဆီပြန်လာကာ animeကြည့်နေရင်းမှ ဘယ်ချိန်အိပ်ပျော်သွားသည်မသိ မေမေ့အသံကြားမှလန့်နိုးလာရသည်။အိပ်မှုံစုံမွှားဖြင့်
နံဘေးလှည့်ကြည့်လျှင် ထယ်ဆောင်းကပါးစပ်ဟကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။"မဟုတ်ပါဘူးဆိုကွာ မင်း လျှောက်စွပ်စွဲနေပုံနဲ့ နှစ်ဖက်မျက်နှာပျက်ရလိမ့်မယ်"
ဖေဖေ့အသံကခပ်တိုးတိုးနှင့် စိတ်ပျက်နေသံပေါ်လေသည်။ထိုအချိန် ထယ်ယောင်းနံဘေးမှ နာရီကိုလှမ်းကြည့်မိသည်။ ည၁၂နာရီထိုးတော့မည်ဖြစ်သည်။ ဖေဖေအိမ်ပြန်နောက်ကျ၍ မေမေစိတ်ဆိုးနေခြင်းဖြစ်မည်ထင်၏။သို့သော် ပြောဆိုနေသော လေသံက တုန်ရီစွာ ဒေါသကိုအနိုင်နိုင်ထိန်းပြောနေပုံနှင့်တူသည်။
"ဂျီမင်အမေနဲ့ရှင့်ကို အဲ့ဒီ့ဟိုတယ်မှာတွေ့လိုက်တဲ့သူ ရှိတယ် ရှင်ဘာငြင်းချင်လဲ ဟမ်!"
ဘယ်လို...။မေမေ့ စကားကဘာအဓိပ္ပါယ်လဲ? ဂျီမင်မေမေကရော ဘယ်ကပါလာတာလဲ? ထယ်ယောင်း အံ့သြစိတ်နှင့်သိချင်စိတ်ပေါင်းကာ ကုတင်ပေါ်မှဆင်း၍ အခန်းတံခါးနားတိုးကပ်ကာ သာသာလေးဟ,ကြည့်မိသည်။
ဧည့်ခန်းထဲက ဆိုဖာရှည်ပေါ်တွင် တဖက်တချက်ထိုင်နေကြကာ ဖေဖေကခေါင်းငိုက်စိုက်ချ၍ အပြင်ဝတ်များပင်မလဲရသေး။ မေမေကတော့ ဖေဖေ့ဘက်မျက်နှာမူကာ သူ့ဘက်ကကြည့်လျှင်ဘေးတိုက်မြင်နေရသည်။
"ရှင့်သားတွေကိုထည့်တွက်ပါအုန်း ဟင့်"
"ဟာကွာ"
မေမေကပြောရင်း ငိုချလာသည်။ဖေဖေက အလွန်တရာစိတ်ပျက်နေပုံပေါ်၍ မေမေ့အား မချော့သည့်အပြင် စိတ်မရှည်တော့သလိုဖြင့် ပေစောင်းကြည့်နေသည်။သူ့စိတ်ထဲမကျေနပ်သလို ခံစားလာရသည်။ မေမေကိုငိုနေတာကို ဖေဖေဘာကြောင့်မချော့သနည်း။
"ငါပြောပြီးပြီမလား အဲ့ဒီကို သူနဲ့သွားတာဆိုပေမဲ့ မင်းထင်သလိုမဟုတ်ဘူးလို့ ငါရှင်းပြနေတယ်မလား...မင်းကို အာ့လိုတွေလာပြောနေတာ ဘယ်သူလဲ ဟမ် ပြောစမ်း"
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?