🍀14🍀

378 48 7
                                    

(Unicode)

"ဒုန်း"

"အ"

အခန်းထဲဝင်ဝင်ချင်း ဂျီမင်ကိုဆွဲကာ တံခါးနားမိကပ်ထားလိုက်သည်။စောစောက ငိုထားသောမျက်လုံးက ခပ်မို့မို့ရီဝေဝေ။စိတ်လှုပ်ရှားနေပုံကြောင့် သူ့မျက်နှာကိုငေးကြည့်ရင်း အသက်ခပ်ပြင်းပြင်းရူနေသည်မှာ ရင်အစုံကနိမ့်ချည်မြင့်ချည်။

"မင်း မူးနေသေးလားဂျီမင်"

"အင်း နည်းနည်း"

ဂျီမင်မူးနေသည်ဆို၍ ထယ်ယောင်းမျက်နှာတမျိုးပြောင်းသွားသည်။စောစောက ဆန္နတွေပြည့်နေသောမျက်လုံးက အရောင်တွေလျော့ကာ နံရံဖက်ဖိကပ်ဆုပ်ကိုင်ထားသော ဂျီမင်လက်ကိုဖြေလျော့ပေးလာသည်။

"ဒါပေမဲ့ ငါအားလုံးသိနေသေးတယ် ကင်ထယ်ယောင်း"

သူ့အားလက်လျော့ရန်ပြင်နေသော ထယ်ယောင်းကို အင်္ကျီရင်ဘက်စကနေဆွဲကာ နဖူးချင်းအပ်၍ ပြောလိုက်သည်။

"ငါ ငါတို့ အမှားလုပ်နေမိတာဆိုရင်ရော"

ထယ်ယောင်းက မောဟိုက်သံနှင့်ခပ်တိုးတိုးဆိုလာသဖြင့် ဂျီမင်အသာပြုံးလိုက်မိသည်။

"ဒါဟာ အမှားဆိုရင် ဒီအမှားကို ငါတို့ပျော်ပျော်ကြီး မမှားပစ်ချင်ဘူးလား"

နဖူးချင်းအပ်ထားရာမှ ဂျီမင်မျက်နှာကိုခွာကြည့်မိသည်။တဖန်ရစ်သိုင်းလာသော မျက်ရည်များနှင့် ပြုံးနေသောနူတ်ခမ်းများက သူ့အားဘာဖြစ်ဖြစ်ခွင့်လွှတ်မည့်ပုံပေါ်လေသည်။

"ငါမင်းကို ချစ်နေမိပြီထင်တယ်"

ဂျီမင်မျက်လုံးကို ထယ်ယောင်းစိုက်ကြည့်ကာ ပြောလျှင်ဝိုင်းခနဲဖြစ်သွားသောမျက်လုံးက အံ့သြသွားသည်ထင်၏။ထို့နောက်မှ ခေါင်းဖြည်းဖြည်းချင်းငြိမ့်ပြလာလေသည်။

"ကိစ္စတွေလောလောလတ်လတ် ဖြစ်ပျက်ထားမှန်းသိပေမဲ့ အချိန်သိပ်မယူပဲ ငါ့ကိုစဉ်းစားပေးပါ"

ရင်ခွင်ထဲရောက်လုရောက်ခင်ကောင်လေးက သူ့အပြောကြောင့် မျက်ရည်ပေါက်ခနဲကျလာလေသည်။ထို့နောက် နူတ်ခမ်းဖူးလေးများက တဆတ်ဆတ်တုန်ကာငိုလေသည်။

FLASHBACKWhere stories live. Discover now