(Unicode)
"ဒီနေ့ဖေဖေ့အိမ်မှာ အခန်းသစ်တခုထပ်လုပ်ထားတယ်သား..။ကုတင်လဲ ၂ယောက်အိပ်ကုတင်ထည့်ထားပေးတယ်။ မတော်လို့များ သားနဲ့ဂျီမင်လာဖြစ်ရင် လွတ်လွတ်လပ်နေလို့ရအောင် ဖေဖေပြင်ပေးထားတာ။ မဟုတ်ရင် သားတို့ကုတင်လုနေတာနဲ့ ဘယ်သူမှအိပ်ရမှာမဟုတ်ဘူး ဟုတ်တယ်မလား ဟားဟားဟား..."
*******
"ရေးးးးး"
ပင်လယ်ကြီးကိုမြင်သည်နှင့် သူတို့သုံးယောက်သား ကမ်းခြေအစပ်ကိုပြေးသွားလိုက်ကြသည်။သူတို့နောက်မှ ဖေဖေက ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်လာလေသည်။
"ရေထဲမဆင်းသေးဘူးနော် ညနေစောင်းမှဆင်းရမယ်"
ဖေဖေလှမ်းအော်ပြောသဖြင့် သူတို့အုပ်စုလက်ညိုးလက်မဖြင့်ဝိုင်းကာ အိုကေလုပ်ပြ၍ ကမ်းစပ်တလျှောက်ပြေးလွှားနေမိသည်။
"ထယ်ဆောင်းရ စာမေးပွဲဖြေနိုင်လား"
သူတို့အနောက်ကနေလိုက်ပြေးနေသော ထယ်ဆောင်းကိုဂျီမင်လှည့်ကြည့်ကာမေးလိုက်သည်။
"ဟုတ် ဖြေနိုင်တယ်ဟျောင်း"
"ငါ့ညီက ဖိုးဉာဏ်ကောင်း မင်းလိုငတုံးမဟုတ်ဘူး"
"ဘာ မင်း"
ဂျီမင်က အံကြိတ်အော်ကာ ထယ်ယောင်းလည်ပင်းကိုလက်မောင်းထဲထည့်ညစ်ကာ ဆွဲလဲလိုက်သည်။
"ဂျီမင်ဟျောင်း ချချ ဟားဟားဟား"
ထယ်ဆောင်းက တဟားဟားအော်ရယ်ကာ ဂျီမင်ဘက်ကနေ အားပေးလေသည်။
"ထယ်ဆောင်း အ! မင်းက ငါ့ညီလား ဂျီမင်ရဲ့ညီလား"
"ဂျီမင်ဟျောင်းရဲ့ညီ"
"ဟေ့ကောင်"
"ဟားဟားဟား"
ထယ်ယောင်းအတင်းဖိထားသော ဂျီမင်ကိုအင်အားသုံးကာ အတင်းပြန်တွန်းလဲ၍ ကလိထိုးကာ ထားပစ်ခဲ့၍ ညီဖြစ်သူနောက်ပြေးလိုက်တော့သည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?