🍀9🍀

342 52 7
                                    

(Unicode)

မနေ့ညက မုန်တိုင်းသတင်းလွှင့်ထားပေမဲ့ ရာသီဉတုအရမ်းကြမ်းတာမျိုးမရှိခဲ့။လေပြင်းတချို့နှင့်မိုးများများရွာရုံနှင့်သာပြီးခဲ့သည်။ခုမနက်တော့ ရာသီဉတုကြည်လင်ကာ ခပ်အေးအေးခပ်စိမ့်စိမ့်သာဖြစ်နေသည်။

ထို့ကြောင့် ဂျီမင် ခရီးဆောင်အိတ်ကိုဖွင့်ကာ အနွေးထည်တထည်ကောက်ဝတ်လိုက်သည်။အနည်းငယ်ရူပ်ပွနေသောအိတ်က သူ့စိတ်ထဲဇဝေဇဝါ...။နောက်ပြီး အိမ်မက်ထဲကခပ်နွေးနွေး နူးနူးညံညံ့ အထိအတွေ့တခုက ခုပြန်စဉ်းစားလျှင် ရင်ခုန်ချင်လာသည်။

"ဟို မနေ့ညက ငါခေါင်းမူတ်စက်လာငှားသေးတယ်..."

ကိုယ့်ခရီးဆောင်အိတ်ကိုကြည့်နေရာမှ အပေါက်ဝတွင်ပေါ်လာသော ထယ်ယောင်း၏ကြောင့် ခေါင်းငြိမ့်ပြမိသည်။ထို့နောက် ထယ်ယောင်းက လေမူတ်စက်ကိုင်ရင်းဝင်လာကာ သူ့အိပ်ယာထက်ချပေးလေသည်။

"မင်းအိပ်ပျော်နေတာနဲ့ မပြောတော့ပဲ ယူလာခဲ့လိုက်တယ်"

"ရပါတယ် ငါလည်းပင်ပန်းပြီး အိပ်ပျော်သွားတာ ရေတောင်မချိုးမိဘူး ခုမနက်မှထချိုးရတယ်"

"အင်း"

ပေါင်တိုဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ကုတင်ခြေရင်းတွင်ကျုံ့ကျုံ့လေး ထိုင်နေသော ထယ်ယောင်းက ခါတိုင်းထက်သိသိသာသာငြိမ်သက်ကာ ခေါင်းငုံ့လျက်ခပ်ငေးငေးရှိသည်။

"မင်းနေကောင်းရဲ့လား"

"ဟင် ဘာဖြစ်လို့လဲ"

သူ့မေးခွန်းကို ပြာပြာသလဲမျက်လုံးပြူး၍ပြန်မော့မေးပုံက စိတ်နဲ့လူနဲ့မကပ်သလိုပင်။ထို့နောက် ဖျက်ခနဲတဖက်သို့ မျက်နှာပြန်လွှဲသွားသည်။ထယ်ယောင်း ဘာဖြစ်နေတာလဲ။သေချာစိုက်ကြည့်မိလျှင် ပါးမို့လေးများမှာ မသိမသာပန်းရောင်ပြေးလျက် ရှိသည်။ထယ်ယောင်းကိုကြည့်နေရင်းမှ ဂျီမင်တစုံတခုကိုသိချင်လာ၍ ကောက်မေးလိုက်သည်။

"မင်း မနေ့ညက ငါ့အခန်းထဲလာပြီး တန်းပြန်သွားတာလား"

"ဟမ်...ဘာ ဘာလို့မေးတာလဲ"

ဖြူဆုပ်သွားသည်ထင်ရသော ထယ်ယောင်းမျက်နှာကြောင့် သူများအမေးမှားသွားလားဟု ထင်မိသည်။

FLASHBACKWhere stories live. Discover now