(Unicode)
မစ္စဂျန်အိမ်ကို ပြောင်းရွေ့လာနေသော ဂျီမင်တို့သားအမိအဖို့ နေစရာရှိပေမဲ့ ကိုယ့်ဝမ်းကိုဖြည့်ဖို့အထိတော့ မစ္စဂျန်ကို ဒုက္ခမပေးလို။ထို့ကြောင့် ဂျီမင်အမေက နေ့အခါစားသောက်ဆိုင်တွင်စားပွဲထိုးလုပ်၍ ညအခါတွင် အမျိုးသမီး အငှားကားမောင်းသူအဖြစ်လုပ်ကိုင်လေသည်။
တရက်'ကင်မ်'အလုပ်ကိစ္စတခုဖြင့် အပေါင်းအသင်းများနှင့်စားသောက်ရန် လာခဲ့ကြသည်။ထိုဆိုင်မှာ ဂျီမင်မေမေအလုပ်လုပ်သော ဆိုင်ဖြစ်သည်။စားသောက်ပွဲတွင် အရက်များပါပါ၍ ညနက်လာလေ မူးရူးလာလေဖြစ်သည်။နောက်ဆုံးမထနိုင်ကြတော့မှ ဆိုင်ရှင်ကိုအိမ်ပြန်ရန်အကူအညီတောင်းကြတော့သည်။
"ဂျီမင်အမေ...အာ့တာတွေထားခဲ့ ဧည့်သည်တွေကိုအရင်ကူပေးလိုက်"
"ဟုတ်ကဲ့"
ဆိုင်ရှင်က ကူခိုင်းတော့လဲ လုပ်ရပေသည်။ဧည်သည်များကို အငှားမောင်းသူနဲ့ချိတ်ဆက်၍ တယောက်ပြီးတယောက် ကားပေါ်တွဲတင်ကာ အိမ်ပြန်ပို့ခိုင်းရသည်။ထိုဧည့်သည်များထဲတွင် 'ကင်မ်'က မူးနေပေမဲ့ အသိစိတ်မလွှတ်သဖြင့် မိတ်ဆွေများကိုကူတွဲကာ ကားပေါ်သို့ပို့ဆောင်ကူ၏။
"ကင်မ်...အလုပ်အကိုင်ဒီထက်အောင်မြင်ပါစေ"
"ကျေးဇူးပါဗျ"
"ငါသွားပြီနော် ကင်မ်...ဂေ့"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါ"
အကိုကင်မ် မိတ်ဆွေတွေ တစ်ဉီးပြီးတစ်ဉီးနူတ်ဆက်ကာ ပြန်သွားကြလေသည်။ထိုအခါမှ နှစ်ယောက်သား သက်ပြင်းမောချနိုင်ကြသည်။
"မောကြရောပေါ့ ဂျီမင်မေမေ ခဏနားချင်နား ပြီးမှပစ္စည်းသိမ်း"
"ဟုတ်ကဲ့ သူဌေး ကျေးဇူးတင်ပါတယ်"
သူဌေးက ခေတ္တပေးနားသဖြင့် အကိုကင်မ်နဲ့အတူ စားပွဲတခုတွင် ဝင်ထိုင်မိသည်။တနေကုန် ပြေးလွှားထားသဖြင့် ခြေသလုံးများတောင့်တင်းနေပေသည်။သို့သော် မညီးညူရဲ။အလုပ်ပြုတ်မှာစိုးမိသည်။
"ဒါနဲ့ အကိုကင်မ်ကို ကျေးဇူးတင်ပါတယ်"
မွစာကျဲကာရူပ်ပွနေသော စားပွဲဝိုင်းကို ဂျီမင်မေမေတချက်ကြည့်ရင်း သူ့အလုပ်ကိုကူညီပေးသော ကင်မ်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?