(Unicode)
၈လကြာပြီးနောက်....။
စကားပြောသံများ၊ ဖုန်းခေါ်သံများ၊ ကွန်ပြူတာရိုက်သံများဖြင့် သက်ဝင်လှုပ်ရှားနေသော အခန်းထဲရှိ ထောင့်တနေရာတွင် ဂျီမင်ထိုင်ကာ မပြီးပြတ်သေးသော အလုပ်တချို့ကိုလုပ်နေရသည်။
နာရီလှမ်းကြည့်တော့ နေ့လည် ၁ခွဲကျော် ၂နာရီထိုးလုလု...။ ခုထိနေ့လည်စာမစားရသေး၍ ဗိုက်ထဲမှာလဲ တဂွီဂွီဖြင့် အချက်ပြမူအပေါင်းက စုံလင်နေသည်။
"ဂျီမင်ရှီ"
"ဗျာ"
ထိုချိန်သူ့စားပွဲရှေ့တွင် ဖိုင်တထပ်ပိုက်ထားသော လူတယောက်ကလာရပ်ကာခေါ်သဖြင့် အမြန်မော့ထူးလိုက်သည်။
"CEOက လာပါအုန်းတဲ့"
ဘာကိစ္စပါလိမ့်?သူဒါလေး လတ်စသတ်ပြီးရင် နေ့လည်စာသွားစားဖို့ ကြံထားတာ အလုပ်ကပေါ်လာပြန်ချေပြီး....။ဘာတတ်နိုင်မည်နည်း...သူသက်ပြင်းအသာချကာ ထိုလူကိုခေါင်းသာငြိမ့်ပြမိသည်။
"ဟုတ်ကဲ့ လာခဲ့ပါ့မယ်"
ထို့နောက် ပြီးခါနီအလုပ်ကို အမြန်ဆက်လုပ်၍ စားပွဲထက်လိုအပ်သည်များကို အိတ်တခုတွင်ကောက်ထည့်ကာ ဘေးချထားသော ဝန်ထမ်းကတ်ကိုလည်ပင်းတွင်အမြန်ဆွဲ၍ CEOရုံးခန်းရှိရာသို့တက်လာခဲ့သည်။
"တူ...တူ..."
ဓာတ်လှေကားစီးနေရင်းမှ ဘောင်ဘီအိတ်ကပ်ထဲထည့်ထားသော ဖုန်းကတုန်ခါလာသဖြင့်ယူထုတ်ကြည့်လိုက်သည်။ထို့နောက် လှစ်ခနဲတချက်ပြုံးကာ မျက်နှာပြန်တည်၍ ထိုဖုန်းကိုကိုင်လိုက်သည်။လေသံကလည်း ခပ်မာမာပင်။
"ဘာလဲ"
"ဂျီမင်ရ...ဖုန်းပြောဖို့အလုပ်အားရဲ့လား မအားရင်ပြန်ချလိုက်မယ်နော်"
ဖုန်းကိုင်ကိုင်ချင်း သူ့လေသံနှင့်ကွဲပြားစွာ ထွက်ပေါ်လာသောထယ်ယောင်းလေသံ နူးနူးညံ့ညံ့က အရာအားလုံးကိုမေ့မျောပစ်ချင်စရာ။ရူတင်အားတုန်းခဏ အချိန်လုကာ အပြေးအလွှားဖုန်းဆက်လာရသူက သူ့အလုပ်အားအနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်နေပြန်လေသည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?