(Unicode)
မေမေ့တုန်းကရော ခုလိုပဲနာကျင်ဝမ်းနည်းခဲ့သလား...။ဖောက်ပြန်သူက ဘယ်လိုနေလဲမသိပေမဲ့ ဖောက်ပြန်သူရဲ့သက်ဆိုင်သူကတော့ ဒဏ်ရာအတိမ်အနက်ပေါ်မူတည်ပြီး ပြိုလဲပုံခြင်းကွာလေသည်။
သူ့ဉီးနှောက်ထဲတွင် အတိတ်က ထိုကိစ္စရပ်အားလုံးကိုမမှတ်မိပေမဲ့ အဓိကအပိုင်းအခြားတွေကိုမှတ်မိနေသည်။မိဘ၂ပါးရန်ဖြစ်နေသည်ကို တိုက်ရိုက်မြင်တွေ့ခဲ့ရပြီးနောက် ၂ဉီးကြားအဖုအထစ်တွေရှိလာဟန်တူသည်။ဖေဖေအိမ်ပြန်နောက်ကျလာသည်။မေမေက အရင်လိုဆူပူခြင်းမရှိတော့ပေမဲ့ ရံဖန်ရံခါ ရန်ဖြစ်နေသံကိုကြားရသည်။
တနေ့....
သူရက်ကွက်ကစားကွင်းမှာ ဆော့ကစားပြီး အိမ်ပြန်လာခဲ့သည်။ဆောင်းကမရှိ။ ဖေဖေနှင့်အလုပ်ကို လိုက်သွားခဲ့သည်။ထို့ကြောင့် သူတယောက်တည်းသာ စက်ဘီးနင်း၍ပြန်လာခဲ့သည်။
"မေမေ"
အဝင်ဝကတည်းက မေမေကြားလောက်သည့်အသံနှင့်အော်ခေါ်ပေမဲ့ ပြန်ထူးသံမကြားရ။
"ခွမ်း...."
"အမေ့"
တစုံတခုကျကွဲသံနှင့်အတူ ထိတ်လန့်သွားသော အမျိုးသမီးတယောက်၏အသံက ထွက်ပေါ်လာသည်။ထို့ကြောင့် တွန်းလာသောစက်ဘီးကို ခြံဝတွင်ပစ်ထားခဲ့ကာ အိမ်ဘက်သို့ပြေးလာခဲ့သည်။
"တကယ်ပါ အမထင်သလိုမဟုတ်ပါဘူး...ညီမအလုပ်အဆင်ပြေစေဖို့ လိုက်ကူညီတာပဲရှိပါတယ်"
"မသိဘူး...မင်းတို့ဟော်တည်တွေ၊ တည်းခိုခန်းတွေထဲ ယှဉ်တွဲပြီးဝင်သွားတာ တခါနှစ်ခါကတော့လို့လား!အလုပ်အတွက်လို့ပြောနေလဲ ပတ်ဝန်းကျင်က ဘယ်လိုထင်မလဲ ဟမ်"
မေမေ့က ဒေါသကိုအနိုင်နိုင်ထိန်းကာ ဆိုဖာထက်ဖင်မကြွရုံတမယ် အရှေ့ကအမျိုးသမီးကိုလက်ညိုးထိုးပြောနေ သည်ကို တံခါးအကွယ်မှတွေ့လိုက်ရသည်။
*ဟင်...ဂျီမင်မေမေပဲ*
ဘေးတိုက်မြင်လိုက်ရသော အမျိုးသမီးကဂျီမင်မေမေဖြစ်၍ ငိုထားပုံလဲရလေသည်။
"ရွှတ်!ဟင့်! တောင်းပန်ပါတယ်အမရယ်...အကိုကင်ကို တခါပဲအကူအညီတောင်းဖူးတာပါ...နောက်များတော့ အကိုကင်ကိုယ်တိုင်က လိုက်ကူပေးတာပါ ကိစ္စတွေက ဒီလောက်ထိကြီးလာလိမ့်မယ်လို့ မထင်ခဲ့လို့ပါ"
BẠN ĐANG ĐỌC
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?