(Unicode)
"သားနေကောင်းရဲ့လား။ဖေဖေကတော့ နေကောင်းပါတယ်။ သားရဲ့စာကိုလဲမျှော်နေတုန်းပဲ တနေ့နေ့တော့သားစာပြန်မယ်လို့မျှော်လင့်ပါတယ်။ ဒီနှစ်နွေက ခါတိုင်းနွေထက်ပိုပူတယ်နော်။ ကျန်းမာရေးကိုဂရုစိုက်ကွ ငါ့သားကြီးရ။ မင်းမေမေဆီမှာက မင်းပဲရှိတာ။ ဖေဖေ့အနေနဲ့ဒါမျိုးတွေပြောခွင့်ရှိရဲ့လားမသိပေမဲ့ သားကိုတော့ဖေဖေတကယ်စိတ်ပူမိတယ်။ ဒါနဲ့ သားဂျီမင်လေးရောနေကောင်းရဲ့လား အရင်လိုရန်ဖြစ်နေကြတုန်းလား။ ဒီစာရေးရင်းမှ ဂျီမင်လေးစရောက်တဲ့နှစ်ကိုဖေဖေတွေးမိတယ်ကွာ။ အာ့နေ့ကမင်းတို့တွေ ဖေဖေ့ကိုရေကူးကန်ပူဆာပြီး အတင်းဝယ်ခိုင်းလို့ ဝယ်ပေးလိုက်တဲ့နှစ်ကလေ။ အိမ့်ရှေ့မှသားတို့ရေဆော့နေတာကို တဖက်ခြံကနေခုံခုပြီး လှမ်းကြည့်နေတဲ့ ဂျီမင်ကိုဖေဖေစမြင်ခဲ့တာ..."
ထိုနေ့က သူတို့ညီအကိုနှစ်ယောက်နှင့်အတူ ဖေဖေပါရေကန်ထဲဝင်ကာဆော့နေခဲ့ကြသည်။ရေကူးကန်ကိုမနှစ်ထဲက ဝယ်ပေးဖို့ပူဆာထားပေမဲ့ နောက်နှစ်မှဟုပြောကာ သူတို့ညီအကိုကိုချော့မော့ခဲ့ကြသည်။ဒီနှစ်တော့မရတော့ ထယ်ဆောင်းနဲ့နှစ်ယောက်ပေါင်းကာ အတင်းဂျီကျပြီးဝယ်ခိုင်းခဲ့သည်။
ဝယ်လာတဲ့နေ့ညနေမှာပင် အိမ်ရှေ့တွင်ရေကူးကန်ကိုလေထိုး၍ရေအပြည့်ဖြည့်ကာ ရေကန်ထဲဝင်ဆော့ကြသည်။ထိုအချိန်မှာပင် ဖေဖေ့ဆီမှ တစုံတယောက်ကိုခေါ်သံကြားလိုက်ရခြင်းဖြစ်သည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?