(Unicode)
မိုးလေးအုံ့ကာ လေအေးလေးများက တသုန်သုန်ဖြတ်တိုက်နေသည်။ခါးလောက်သာရှိသော စတော်ဘယ်ရီခင်းကြီးက မျက်စိတဆုံး ကျယ်ပြန့်၍ လေအဝှေ့ကြောင့် ဘယ်ညာယိမ်းနွဲ့နေသည်။
"မင်းအကြိုက်မို့လို့ အန်ကယ်က ဒီစီးပွားရေးထောင်ထားတာမလား"
"အင်း"
စတော်ဘယ်ရီတန်းတခုကိုအလယ်မှာထားကာ ဟိုဘက်ဒီဘက်လမ်းလျှောက်နေကြခြင်းဖြစ်သည်။
"အဖြစ်မှန်ကို ခုသိသွားတော့ ရင်ထဲဘယ်လိုနေလဲ"
သူ့ရင်ထဲက တသတ်လုံးသိမ်းထုပ်ထားမိသည့် ဒဏ်ရာကတဖြည်းဖြည်းအနာကျပ်လာသလိုထင်ရသည်။ ရှေ့လျောက် သူ့ခံစားချက်တွေဟာဒီထက်ပိုကောင်းဖို့သာရှိသည်။ဒါဆို ဂျီမင်ကရော...
"ခံစားရတာနည်းနည်းသက်သာသလိုပဲ...မင်းရောဂျီမင်"
"အဟင်း...ငါလဲ မင်းနဲ့အတူတူပါပဲ တခုပဲ မေမေ့နောက်ဆုံးချိန်ကိုမမှီလိုက်တာက ဝမ်းနည်းစရာကောင်းတယ်"
ဂျီမင်က တကယ်ပဲအဆင်ပြေရဲ့လား။မိသားစုကိစ္စတွေ ရူပ်ထွေးနေတုန်းကလည်း ရူပ်ထွေးနေလို့။ခုနားလည်မူရလာချိန်မှာလဲ ကိစ္စတခုကပြီးရုံရှိသေး သူ့ကြောင့် နောက်ပြဿနာတခုကိုရင်ဆိုင်နေရသည်။ထို့ကြောင့် ဂျီမင်အပေါ် တကယ်ပင်အားနာစိတ်ဝင်မိသည်။
"ဂျီမင်ရ"
တဖက်မှထယ်ယောင်းက လေသံတိုးတိုးဖြင့်ခေါ်လာလျှင် ဂျီမင်က လှည့်ကြည့်၍ မေးဆက်ပြလေသည်။
"ငါတောင်းပန်ပါတယ်"
"ဘာကိုလဲ မင်းက ဘာအတွက်တောင်းပန်နေတာလဲ"
"ငါ့ကြောင့် မင်းနဲ့မင်းရည်းစား.."
"မဆိုင်ဘူးလို့ပြောပြီးပြီလေ...ဒါနဲ့ မင်းမန်နေဂျာရဲ့ရည်းစားကလည်း ဂျွန်ပါလို့ ဘယ်လိုလုပ်ပြီး သိသွားတာလဲ..မင်း ဂျွန်ကိုမြင်ဖူးလို့လား"
ဂျီမင်အမေးကြောင့် ထယ်ယောင်းစူးစမ်းသောအကြည့်ဖြင့် ဂျီမင်ကို ကြည့်လိုက်မိသည်။ဂျီမင်မျက်နှာထက် မည်သည့်ခံစားချက်မှမပေါ်။သို့သော် ဂျီမင်က ဂျွန်ဆိုတဲ့လူကို တကယ်ချစ်သည်ထင်ပါ၏။ထိုခဏ ဝင်ရောက်လာသောအတွေးက စိတ်ရူပ်စရာကောင်း၍ မျက်မှောင်ကျုံ့ကာ မသိမသာဆုပ်သတ်မိသည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?