Part 4

444 45 1
                                    


တစ်နာရီကျော် ကားမောင်းအပြီးမှ တာ့ရှန့်စတူဒီယိုသို့ရောက်တော့သည်။

'တောင်ပိုင်းဒေသတွင် ဟန်သျန့်၊ မြောက်ပိုင်းတွင် တာ့ရှန့်' ဟု ဆိုရိုးရှိကြသည့် ရုပ်ရှင်ရိုက် ကွင်းသို့ သူ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ အလွန်အံ့မခန်း ခမ်းနားကြီးကျယ်မှုကြောင့် လည်း ပေကျင်းမြို့၏နာမည်ကျော်ခရီးသွားနေရာတစ်ခု ဖြစ်လာရခြင်းပင်။ နေ့စဥ် အနည်း ဆုံး ဇာတ်ကား နှစ်ခု၊ သုံးခုတော့ ရိုက်ကူးရေး လုပ်လေ့ရှိသည်။ ရုပ်ရှင်ရိုက်ကွင်းများက လည်း ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည်။

ဟယ်ကု ကားရပ်ပြီး ရှောင်စုန့်ထံ ဖုန်းခေါ်လိုက်သည်။ ရှောင်စုန့်၏အသံကို နား ထောင်ရသည်မှာ အလုပ်ရှုပ်လွန်း၍ရူးသွားတော့မည့်သူလိုပင်။ သူ့ကို စောင့်နေပေးပါရန် လည်း ဟယ်ကုကို တောင်းပန်သည်။

ထိုသို့ဖြင့် နာရီဝက်သာ ထပ်ကြာသွားတော့သည်။

အထဲဝင်ရန်တန်းစီနေကြသောခရီးသွားအဖွဲ့များထဲတွင် Fan club ပစ္စည်းပေါင်း စုံ ကိုင်ဆောင်ထားသော တူညီဝတ်စုံဝတ် ပရိသတ်များကိုလည်း တွေ့ရသည်။

'အတော်ငယ်ကြသေးတာပဲ' ဟု ဟယ်ကုတွေးလိုက်မိသည်။

ထိုအချိန်မှပင် ရှောင်စုန့်ရောက်လာတော့သည်။ ဟယ်ကု သူ့ကိုတွေ့တွေ့ချင်း ချွေးများရွှဲနေကာ အားနာဟန်လည်းပေါ်သည်။ ဆက်တိုက်ကို တောင်းပန်နေတော့သည်။

"အစ်ကိုဟယ်ကု ဒါက ဖြတ်သန်းသွားလာခွင့်ကတ်ပါ၊ အစ်ကို ကားမောင်းဝင် လာခဲ့လို့ရတယ်"

"မဝင်တော့ဘူးလေ၊ မင်းပဲ သူ့ကို ဖုန်းပြန်ပေးလိုက်ပါ"

"ဗျာ... မဝင်လာတော့ဘူးလား၊ အစ်ကိုဟန်က ကြော်ငြာတစ်ခုရိုက်နေတာ၊ အစ်ကို မကြည့်သွားတော့ဘူးလား"

"ကြည့်စရာဘာရှိလို့လဲကွာ၊ ငါ့လိုအပြင်လောကကလူက မင်းတို့လုပ်ငန်းခွင်ကို လိုက်လာရင် အနှောင့်အယှက်ပဲဖြစ်မှာပေါ့"

"မဟုတ်ပါဘူး၊ တကယ်ပျော်ဖို့ကောင်းတာ၊ သွားကြည့်ရအောင်ပါ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now