Part 20

390 27 1
                                    

နောက်ပိုင်းတွင် ကုချင်းဖေက ဟယ်ကုထံ ဖုန်းဆက်၍ ထိုယဥ်ကျေးမှုမရှိသူသည် သူ့ယာဥ်‌ မောင်းဖြစ်ကြောင်း ရှင်းပြလာခဲ့သည်။ သူ့လေသံက အလွန်ကို အရှက်ရနေပုံပင်။

ထိုသူက တကယ့် ယာဥ်မောင်းဖြစ်မည်ဟုတော့ ဟယ်ကု မယုံ။ အကြွေးရှင် တစ် ယောက် ဆိုလျှင်တောင် ဒီလူလိုမျိုး မောက်မာတတ်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဟယ်ကုက ဘယ်တော့မှ စကားများများပြောတတ်သူမဟုတ်သည့်အလျောက် ကုချင်းဖေက မပြောပြချင်လျှင် သူကလည်း ဆက်မမေးတော့ပေ။

ကြည့်ရသည်မှာ ကုမ္ပဏီအသစ်တွင် ကုချင်းဖေ၏ အခြေအနေက စင်းလုံးချော တော့ဖြစ်နေပုံမရ။ သူက နမ်ချွမ့်တွင် အကြီးအကဲတစ်ယောက်ဖြစ်ခဲ့သူဖြစ်ရာ လုပ်ငန်းခွင်အ သစ်ကို အားမလို အားမရဖြစ်မည်မှာ မလွဲမသွေပင်။ ကုချင်းဖေ၏ လုပ်ရည်ကိုင်ရည်ရှိမှု ကြောင့် တဖြည်းဖြည်းချင်းတော့ အဆင်ပြေသွားမည်ဟု ဟယ်ကု ယုံကြည်ပါသည်။ သို့သော် ငြား မစ္စတာကုထံတွင် အထီးကျန်မှုနှင့် စိတ်ဖိအားများရှိနေမည်ဟု ခံစားမိသည်။ ကုချင်းဖေ အတွက် ရင်ဖွင့်စရာလူလိုမည် ထင်သောကြောင့် ထမင်းအတူထွက်စားကြရန် ဖိတ်ခေါ်လိုက် တော့သည်။ ပြီးခဲ့သည့်အခေါက်က ကုချင်းဖေက ဝိုင်ဝယ်တိုက်သွားခဲ့ရာ ထမင်းတစ်နပ်ဖြင့် ပြန်ဆပ်မည်ဟု ပြောလိုက်လျှင် အဆင်ပြေသည်။

ကုချင်းဖေကလည်း လွယ်လွယ်ပင် သဘောတူလိုက်သည်။

ဟယ်ကုက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ရှုပ်နေခဲ့သဖြင့် အိမ်ကို အမြန်

ပြန်ကာ ရေမိုးချိုး အဝတ်လဲရသည်။ အပြီးတွင်တော့ ချိန်းဆိုထားရာသို့ သွားရန် အဆင်သင့် ဖြစ်သွားလေပြီ။

တံခါးပေါက်မှ မထွက်ရသေးမီ ရှောင်စုန့်ထံမှ ဖုန်းဝင်လာသည်။

ဟယ်ကု ခေါ်ဆိုသူအမည်ကိုကြည့်ရင်း သူ့နှလုံးသားက လည်ချောင်းထဲခုန်တက် လာသလိုခံစားလိုက်ရသည်။ ရှောင်စုန့် သူ့ကို ဖုန်းခေါ်ခြင်းသည် စုန့်ကျွီးဟန်နှင့် မဆိုင်သည့် အကြောင်းအရာကို ပြောရန်တော့ လုံးဝမဖြစ်နိုင်။ အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ ဖုန်းဖြေဆို သည့်ခလုတ်ကို နှိပ်လိုက်သည်။ "ဟယ်လို ရှောင်စုန့်"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now