Part 16

289 25 0
                                    


စုန့်ကျွီးဟန်က သူ့ဘယ်ဘက်လက်ကို ဆုပ်ကိုင်ကာ စားပွဲပေါ်တွင် နေရာချပေးသည်။

"ဘာဖြစ်လို့လဲ၊ ကိုယ်ဟန်အနေအထားတော့ မင်းလုပ်တတ်ပါတယ်နော်"

ဟယ်ကု ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ အပူလောင်မှာကို ကြောက်နေ သူတစ်ယောက်လို စုန့်ကျွီးဟန်နှင့် ကိုယ်ချင်း အနည်းငယ် ကွာသွားစေရန် အမြန် ငုံ့ကိုင်းကာ ရင်ဘတ်ကို စားပွဲနှင့် ကပ်ထားမိသည်။

စုန့်ကျွီးဟန်က ရယ်နေတော့သည်။ "ဒီကိုယ်ဟန်မျိုးက အဲ့လောက်ကြီး နှိမ့်ထား ဖို့မလိုပါဘူး၊ စံအနေအထားအတိုင်းဆို ကျောနဲ့ခြေထောက်ကို ၉၀ ဒီဂရီချိုးချထားရမှာ၊ မင်း ပုံစံက စားပွဲပေါ်တက်အိပ်နေတာနဲ့ ဘာကွာတော့လို့လဲ၊ တအားရယ်စရာကောင်းတယ်"

သူက လက်ညှိုးလေးဖြင့် ဟယ်ကု၏ လက်ချောင်းများကို ချဲပေးလိုက်သည်။

"လက်ဖဝါးကိုဖိပြီး လက်ချောင်းတွေကို ဆန့်ထုတ်ထားလေ၊ ဒီလက်က ကျူတံကို ငြိမ်နေအောင် ကိုင်ထားရမှာ"

ဟယ်ကု အသံလေးက တုန်ယင်နေခဲ့သည်။ "ကောင်းပါပြီ"

"ဘာမှ ခက်ခက်ခဲခဲမရှိပါဘူး၊ မင်းကဘာတွေ စိတ်လှုပ်ရှားနေတာလဲ"

စုန့်ကျွီးဟန်၏ အသံတွင် ကျီစယ်လိုဟန်များပြည့်နှက်နေသည်။

"ဟုတ်ပြီ"

"လာစမ်းပါ၊ ကျူတံကို မင်းရဲ့ ညာလက်နဲ့ကိုင်လိုက်"

စုန့်ကျွီးဟန်က ကိုယ်တိုင်ပင် ကျူတံကိုင်ထားသော လက်ကို အုပ်ကိုင်သည်။

"ပခုံးတွေကို အရမ်း မတောင့်ထားနဲ့လေ၊ နည်းနည်းလေး မြင့်နေရမယ်"

အခန်းတွင်းတွင် လေအေးပေးစက်ကို အပြည့်ဖွင့်ထားသော်လည်း ဟယ်ကုက တော့ ချွေးပြန်နေလေပြီ။ သူ့ခမျာ စိတ်လှုပ်ရှားလွန်း၍ သူ့နှလုံးသား၏ တဒိန်းဒိန်း ခုန်သံကို ပင် ခံစားမိနေသည်။ စကန့်အနည်းငယ်အတွင်း ရင်ညွန့်ကို ဖောက်ကာ ထွက်ကျလာတော့ မလိုပင်။ မဟုတ်သေးပေ။ သူ ဘယ်လိုပင်စဥ်းစား စဥ်းစား အရွယ်ရောက်ပြီးသူ တစ်ယောက် အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သင့်သည်။ သူမျက်လုံးများကို တင်းတင်းမှိတ်ထား လိုက်သည်။ သို့သော် ချွေးများက မျက်လုံးထဲ စီးဝင်လာတော့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now