Part 37

294 28 9
                                    

ရှေ့နေချန်က ဟယ်ကုကို အကဲခတ်နေသည်။ မျက်နှာပေါ်တွင် ဘာအမူအရာမှ မပြသော် လည်း စိတ်ထဲတော့ မတည်မငြိမ်ဖြစ်နေပုံရသည်။ သူက ချောင်းဟန့်သည်။ "မစ္စတာဟယ် ခင်ဗျားဘာမှ စိုးရိမ်ဖို့မလိုပါဘူး၊ ခင်ဗျားကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေရော၊ ရပ်ကွက်ထဲ ကအစောင့်တွေနဲ့အိမ်နီးချင်းတွေရောက ခင်ဗျား ကိုးနာရီကျော်မှ အိမ်ပြန်လာကြောင်း သက် သေခံပေးလို့ရတာပဲ၊ခင်ဗျားကလဲ သူတို့မှာ ဒီလိုအမူအကျင့်တွေရှိတာမသိပါဘူးလို့ လျှောက် လဲလို့ရတယ်လေ"

ဟယ်ကု အေးဆေးစွာပြန်ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော့်ဆီ လာတယ်ဆို ကတည်းက ကျွန်တော့်ဘက်က တစ်ခုခု လုပ်ပေးစေချင်နေပုံပဲ၊ ကျွန်တော် အပြစ်ကင်း ကြောင်း သက်သေပြနိုင်တယ်ဆိုတာ ကျွန်တော်လဲ သိတာပေါ့"

"ကျွန်တော်က စုန့်ကျွီးဟန် ရင်ဆိုင်နေရတဲ့ ပြဿနာအကြောင်း ခင်ဗျားကို ပြော ပြချင်တာပါ၊ ကျွန်တော်ဝင်မလာခင်လဲ သူနဲ့တွေ့ခဲ့ပြီးပြီ၊ သူက သိပ်ကို အပြစ်ကင်းပါတယ်၊ သူ့အဖွဲ့သားတွေကို ခင်ဗျားအိမ်ကိုခေါ်လာတဲ့ ရည်ရွယ်ချက်ကလဲ ဥပဒေနဲ့ ငြိစွန်းတဲ့အလုပ် တွေ လုပ်ဖို့မဟုတ်ပါဘူး၊ အနားယူအပန်းဖြေဖို့ သက်သက်ပါ၊ သူ့အဖွဲ့သားတွေ ဒီလိုလုပ် ရပ်မျိုးလုပ်တတ်တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ သူပါရောပြီး ကံဆိုးသွားတာပေါ့၊ သူက သူ့ကိုယ်သူ စည်းစောင့်တဲ့ အနုပညာရှင်တစ်ယောက်ပါ၊ ဒါပေမဲ့ သူ့အောက်က လူတွေကို စီမံ ခန့်ခွဲတဲ့နေရာမှာ အမှားသေးသေးလေး လုပ်မိသွားတာနဲ့ပဲ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်စည်းခံရတော့မှာ၊ မစ္စတာဟယ်ဘက်ကလဲ သူခံစားရမှာကို မကြည့်ရက်လောက်ဘူး ဆို တာ ကျိန်းသေပဲဖြစ်မှာပါ"

'သူခံစားရမှာကို မကြည့်ရက်လောက်ဘူး' ဆိုသည့် စကားက တော်တော်ကို ခံစား ချက်ပါသည်။

ဒီရှေ့နေက သူနှင့် စုန့်ကျွီးဟန်ကြားက ပတ်သက်မှုကို သိနေကြောင်း သူချက်ချင်း သဘော‌ပေါက်လိုက်လေပြီ။ အခန်းထဲဝင်မလာခင် စုန့်ကျွီးဟန်နှင့် ဆွေးနွေးပြီးခဲ့ရုံတင်မက စုန့်ဟယ်နှင့်လည်း သေချာဆွေးနွေးခဲ့ပုံပင်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now