Part 14

403 30 0
                                    


     ဖုန်ကျုန်းက အချိန်ဇယားစာရွက်ကို ဝှေ့ယမ်းပြရင်း စုန့်ကျွီးဟန်ကို လှမ်းပြောသည်။

"ငါပို့ထားတဲ့ အပြန်အလှန်ပြောရမဲ့စာပိုဒ်တွေ မင်း ဖတ်ကြည့်ပြီးပြီလား"

"ဖတ်ပြီးပြီ" စုန့်ကျွီးဟန်က ဖုန်ကျုန်း၏ အမူအရာများကို ပြုံးလျက်ကြည့်ရင်း ပျင်းပျင်းရိရိ ပြန်ဖြေသည်။

သမဂ္ဂခေါင်းဆောင်က အံ့သြစွာမေးတော့သည်။ "အချင်းချင်း သိနေကြတာလား"

ဖုန်ကျုန်းက ဘာမှပြန်မပြော။ "ငါတို့ငယ်ငယ်တုန်းကတည်းက သိခဲ့တာပါ"

"ဖုန်ကျုန်း နင် တအားလွန်တာပဲ၊ ငါ့ကို တကယ်မပြောပြခဲ့ဘူး ကြည့်စမ်း"

ဖုန်ကျုန်းနှင့်အတူရှိနေသော အခမ်းအနားမှူးကောင်မလေးကလည်း အလွန်စိတ် ဆိုးနေတော့သည်။ယခုပွဲအတွက် အခမ်းအနားမှူးအဖြစ်တစ်ပြေးနေသောသူက စုန့်ကျွီးဟန် ၏ပရိသတ်မှန်း မသိသူမရှိပေ။ သတင်းများအရဆိုလျှင် ဒီတစ်ခေါက်ပွဲတွင် အခမ်းအနားမှူး ဖြစ်ခွင့်ရရန် ဆရာများကို ငွေပေးထားသည်ဟုလည်း အသံထွက်နေသည်။ ဖုန်ကျုန်းက တော့ မှန်မှန်ကန်ကန်ရှိသည်။ ကျောင်း၏ ကင်းတစ်ဦးဖြစ်ပြီး ကျောင်းသို့ ပိုက်ဆံများ မကြာ မကြာလှူတတ်သည့် ဖခင်ဖြစ်သူလည်းရှိရာ သေချာပေါက်ပင် ကျောင်း၏ နာမည်အကြီးဆုံး ကျောင်းသား ဖြစ်လာတော့သည်။

ဖုန်ကျုန်းက ပြုံးလိုက်သော်လည်း ပြန်မဖြေ။

စုန့်ကျွီးဟန်ပါ ဝင်ပါတော့သည်။

"ငါမင်းကိုမတွေ့ရတာ ကြာလှပြီပေါ့၊ နေကောင်းလား"

"ကောင်းပါတယ်၊ မင်းက လွန်ခဲ့တဲ့နှစ်နှစ်လုံး တရုတ်ပြည်ကိုမှပြန်မလာတာ၊ ငါက အေးဆေးပါပဲ"

ဟယ်ကုစိတ်ထဲ ဖုန်ကျုန်းက စုန့်ကျွီးဟန်ကို ရှောင်ဖယ်ဖယ်လုပ်လိုသည်ဟု ခံစား နေရသည်။ အပေါ်ယံရင်းနှီးချိုသာပြနေသော်လည်း နှစ်ဦးသားကြားတွင် ရန်လိုနေဟန်လေး မသိမသာ စွက်နေသည်။

"အခုတော့ ငါပြန်ရောက်လာပြီပဲ၊ ထပ်မထွက်သွားတော့ပါဘူး" စုန့်ကျွီးဟန် က အကျောဆန့်လိုက်သည်။ "ပွဲစဖို့ ဘယ်လောက်လိုသေးတာလဲ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now