Part 26

714 42 6
                                    

ဟယ်ကု လက်ခုပ်ဖြင့်ရေခံကာ မျက်နှာကို အကြိမ်ကြိမ် ဖျန်းပက်ပြီး မျက်နှာသစ် ပစ်လိုက် သည်။ မျက်နှာပေါ်မှ အပူများ လျော့ကျသွားသည်နှင့် ဦးနှောက်လည်း အေးသွားကာ နိုးနိုး ကြားကြားဖြစ်လာတော့သည်။

သူ လည်စည်းကို ပြန်ပြင်ချည်အပြီးတွင် မှန်ထဲမှ သူ့ကိုယ်သူ မျက်နှာသေနှင့် ပြန် ကြည့်လိုက်သည်။ မျက်နှာပေါ်မှ ခပ်လှောင်လှောင်အပြုံးတစ်စကလည်း တဖြည်းဖြည်း နှင့် ပီပြင်လာတော့သည်။

ဘာတွေများကြောက်နေတာလဲ။ မင်းရင်မဆိုင်ရဲတဲ့ အဆိုးရွားဆုံး အကျိုးဆက်က ဘာများရှိသေးလို့လဲ။

ဟယ်ကု နောက်လှည့်ကာ သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အပြင်တွင်တော့ စားပွဲတွင် စကားပြောဆိုရင်း သောက်နေသူများနှင့် အသက်ဝင် နေဆဲဖြစ်သည်။ ဖုန်ကျုန်းကတော့ သူ့နေရာသူပြန်သွားပြီး ဖုန်းကိုသာ ငုံ့ကြည့်နေခဲ့ရာမှ ဟယ်ကု ပြန်ထွက်လာသည်ကို မော့ကြည့်လိုက်သေးသည်။ သူ့မျက်လုံးများက နက်နဲသော် လည်း စူးရှနေပြီး ခန့်မှန်းရခက်သော ခံစားချက်များကို သိုဝှက်ထားသည်။

စုန့်ကျွီးဟန်ကလည်း သူ့ဘက်သို့လှည့်ကြည့်လာသည်။ သူ့အကြည့်များကတော့ သားကောင်ရှာနေသော မကောင်းဆိုးဝါးတစ်ကောင်၏ မျက်လုံးများနှင့်တူသည်။

ဟယ်ကု သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး ဘေးကနေရာတွင် ဝင်ထိုင်လိုက်သည်။

စုန့်ကျွီးဟန်က ကိုယ်ကို အသာလေးလှည့်လာပြီး အပြုံးတစ်ခုဖြင့် နားနားကပ်ကာ

ဆိုသည်။ "မအေပေးကောင် မင်းကငါ့ကို လိမ်ရဲတယ်ပေါ့"

ဟယ်ကု တစ်ချက်ပင် တွန့်ဆုတ်မသွားပေ။ သူ့ခွက်ကိုသာ ဝိုင်ထပ်ဖြည့်ပြီး မတ် တပ် ထရပ်လိုက်သည်။ ထို့နောက် သိပ်ရိုရိုကျိုးကျိုးမရှိလှသောဟန်ဖြင့် ဆိုလေသည်။

"မစ္စတာစုန့်နဲ့ လေးစားအပ်တဲ့ လူကြီးသူမများခင်ဗျာ၊ ကျွန်တော် ဒီနေ့ နေလို့သိပ် မကောင်းပါဘူး၊ ဒါကြောင့် ဒီမှာ ဆက်နေနေမယ်ဆိုရင် အကုန်လုံးရဲ့အပျော်တွေ ကျွန်တော့် ကြောင့် ပျက်ကုန်မှာကိုစိုးရိမ်ပါတယ်၊ ကျွန်တော် အရင်ဆုံး ပြန်နားလိုက်ပါရစေ၊ ဆုံတွေ့ခွင့် ရတာ အရမ်းပဲ နှစ်ထောင်းအားရ ဖြစ်မိပါတယ်၊ တောင်းလဲ တောင်းပန်ပါတယ်ခင်ဗျာ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now