Part 38

320 35 2
                                    

ဟယ်ကု ယာယီထိန်းသိမ်းရေး စခန်းတွင် ခြောက်ရက်နေခဲ့ရသည်။ နှစ်သစ်ကူးဆိုသည့် ကာလကြီးကို ကျော်ဖြတ်တိုင်း သူ့စိတ်ထဲ တစ်ရက်တာက ဆယ်နှစ်စာခန့်ကြာသလို ခံစားရ သည်။ ထိုနှစ်သစ်ကူးကိုမှ ထိန်းသိမ်းရေးစခန်း အတွင်းကနေ ကျော်ဖြတ်ရသည့်အခါ ပို၍ပင် ထူးခြားဆန်းပြားသွားတော့သည်။

ဆွန်းချင်က သူ့ကိုမကြာခဏလာတွေ့ကာ အဖော်လုပ်ပေးသည်။အစားအသောက် များလည်း ယူလာပြီး မကြာမီ အာမခံဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်းလည်း ကတိပေးရှာ သည်။

ဟယ်ကုကတော့ ဖက်ထုပ်ကို ပါးစပ်ထဲ ထိုးထည့်ပြီး ခပ်တိုးတိုးမေးသည်။

"အမေ လုပ်ထားတာလား"

ဆွန်းချင် ကြက်သေသေသွားမိသည်။ မျက်လုံးများကလည်း ချက်ချင်း နီရဲတက် လာတော့သည်။ "သားမှတ်မိနေသေးတယ်..."

ဟယ်ကု ပြောပြရခက်သော ခံစားချက်များစွာဖြင့် ခေါင်းကို ငုံ့ချထားမိသည်။ သူ ဒီအရသာကို မှတ်မိနေဦးမည်ဟု ကိုယ်တိုင်လည်း ထင်မထားခဲ့။

ဆွန်းချင်က ငိုရင်းဖြင့် ထပ်ကာ ထပ်ကာ တောင်းပန်လေတော့သည်။

"သားကို အမေ တောင်းပန်ပါတယ်နော်၊ သားအမေက သားကိုတောင်းပန်ပါတယ်"

ဟယ်ကု မျက်ဝန်းများလည်း စိုစွတ်လာရသည်။ သို့သော်လည်း မျက်ရည်များကို

သိုဝှက်ထားလိုက်သည်။ "အမေ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်လေးပဲ နှစ်သစ်ကူးကြ ရအောင်လေ"

ဆွန်းချင်က မျက်ရည်များကို သုတ်လိုက်ပြီး ဟင်းပန်းကန်ကို လှမ်းပေးလာသည်။ ပုစွန်များကိုလည်း အခွံခွာပေးကာ မိခင်တစ်ယောက်အနေနှင့် လုပ်ပေးချင်ခဲ့သော အရာများ ကို လုပ်ပေးတော့သည်။

ဟယ်ကုလည်း သူ့ကိုယ်သူ ပြန်နှစ်သိမ့်မိသည်။ အနည်းဆုံးတော့ ဒီနှစ်မှာ သူတစ် ယောက်တည်း အထီးမကျန်ရတော့ပေ။

နှစ်သစ်၏ ဒုတိယမြောက်နေ့မှာပင် သူ့ကို အာမခံဖြင့် လွှတ်ပေးလိုက်သည်။ သို့ သော်လည်း အမေက သူနှင့်အတူ ရဲစခန်းသို့သွားကာ သတင်းပို့ရသေးသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now