Part 18

312 26 0
                                    

ငါးမိနစ်ခန့် တိတ်ဆိတ်နေကြပြီးနောက် ဟယ်ကုစိတ်ထဲ ဒီလိုကြီး မျက်နှာချင်းဆိုင်စားနေရ တာ အတော်ပျင်းစရာကောင်းသည်ဟုထင်လာတော့သည်။ သို့နှင့်ဖုန်ကျုန်းကို စကားစမြည် စပြောကြည့်လိုက်သည်။ ဖုန်ကျုန်းက စကားကို ဖြေချင်သလို ဖြေလိုက်၊ မဖြေလိုက်သာ ပြန် လုပ်ဖော်ရပြီး စိတ်အခြေအနေက စောစောကအတိုင်း သိပ်တော့မကောင်းလာသေး။

ညစာစားပြီးသောအခါ ဖုန်ကျုန်းက သူ့ထံသို့ ဆေးလှမ်းပစ်ပေးသည်။

"မင်း ဒီဆေးတွေကို အစာစားပြီး နာရီဝက်ကြာရင် သောက်ရမယ်နော်"

"ဟုတ်ပါပြီ၊ ကျေးဇူးပါကွာ၊ မင်းသာဒီနေ့မလာရင် ငါတော့ ဒီလိုအရသာရှိတဲ့ ညစာ စားရမှာမဟုတ်ဘူး"

ဖုန်ကျုန်းက 'ဟွန့်'ခနဲ နှာခေါင်းရှုံ့ပြီး သူ့ကို ပေစောင်စောင်နှင့်ကြည့်သည်။

"ငါသာ မလာခဲ့ရင် မင်းဘာသာ အားပြတ်ပြီးပဲသေနေနေ၊ ဘယ်သူမှတောင် သိ လိုက်မှာ မဟုတ်ဘူး"

ဟယ်ကုက ပြုံးသည်။

"ဘယ်ကသာကွာ၊ ငါ မင်းမလာခင်ကတည်းက ဆေးသောက်ထားပါတယ်၊ ဆေး စွမ်း မပြသေးတာပါ"

"မင်း သွားလှဲနေစမ်းကွာ၊ ဆေးကြောသိမ်းဆည်းပေးသွားဖို့ နာရီဝက်လောက် ငါ အချိန်ရသေးတယ်၊ မင်းကိုနှိုးပြီး ဆေးသောက်ခိုင်းဖို့ အတော်လောက်ပဲ"

"မဟုတ်ပါဘူး၊ အခု ဗိုက်ပြည့်သွားပြီဆိုတော့ အများကြီးနေလို့ကောင်းသွားပြီ၊ ငါ့ဘာသာပဲ သိမ်းဆည်းလိုက်ပါ့မယ်"

"ငါက မင်းကိုသွားဆိုရင် သွားလိုက်တော့နော်" ဖုန်ကျုန်းက သူ့ကို အိပ်ခန်းထဲ ခေါ်သွားပြီး အိပ်ရာပေါ်လှဲအိပ်ခိုင်းတော့သည်။

"မင်းအင်္ကျီတွေက နည်းနည်းစိုနေတယ်၊ အင်္ကျီတွေလဲလိုက်ပါလား"

ဟယ်ကု လှဲချလိုက်စဥ်မှာပင် ဖုန်ကျုန်းက သူ့အင်္ကျီ ကော်လံကိုဆွဲ၍ အ‌ရှေ့ကြယ် သီးများကို ဗြုန်းခနဲဆွဲဖြုတ်ပစ်လိုက်ရာ ညှပ်ရိုးလေးနှင့် ရင်ဘတ်ပါ ပေါ်သွားတော့သည်။

ဖုန်ကျုန်း၏ မျက်ဝန်းများ ရုတ်တရက်နီရဲကုန်ရသည်။ ဟယ်ကုက ဘာလို့မှန်း မ ရိပ်မိပေ။ ငုံ့ကြည့်လိုက်မှပင် သူ့ရင်ဘတ်ပေါ်တွင် အညိုအမည်းစွဲနေသော အကွက်များကို တွေ့လိုက်ရတော့သည်။ အနမ်းအမှတ်အသားများပင် ဖြစ်လေသည်။ သူ့တစ်ကိုယ်လုံး ဒီလို အကွက်တွေဖြစ်နေသည်ကို ဒီနေ့ ရေချိုးစဥ်ကတော့ သတိထားလိုက်မိသေးသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Waar verhalen tot leven komen. Ontdek het nu