Part 15

323 28 0
                                    


လမ်းတွင် ယာဥ်ကြောပိတ်ဆို့မှု အနည်းငယ်ရှိခဲ့သည်။ သူ ငါးပြတိုက်သို့ ရောက်ချိန်တွင် မိနစ် အနည်းငယ် နောက်ကျနေလေပြီ။ ဖုန်ကျုန်းက ငါးပြတိုက်အဝင်ဝတွင် သူ့ကိုရပ်စောင့် လျက်ရှိသည်။ ဟယ်ကုကားထဲမှ ထွက်လိုက်သည်နှင့် နှစ်ယောက်သား မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားတော့သည်။

ဖုန်ကျုန်းက သူ့ကိုလိုက်ပို့သော ကားကို တစ်ချက်လှမ်းကြည့်သည်။ အငှားယာဥ် မဖြစ်နိုင်မှန်း အသိသာကြီးပင်။ ဖုန်းကျုန်း မျက်မှောင်ကြုတ်သွားပြီး "စုန့်ကျွီးဟန်က သူ့ ကားဆရာကို မင်းကို လိုက်ပို့ခိုင်းတာလား"

"ဟုတ်တယ်၊ သူက မဆိုးပါဘူး၊ ဟိတ်ကြီးဟန်ကြီးလဲ မနိုင်ဘူး"

ဖုန်ကျုန်းက အေးစက်စက်နိုင်စွာ ပြောသည်။ "မတုံးစမ်းပါနဲ့၊ စုန့်ကျွီးဟန် ဆိုတာ အကျင့်ကောင်းတဲ့ကောင် မဟုတ်ဘူး၊ မင်းက သူ့ရဲ့ ကောင်းတဲ့အခြမ်းကိုပဲ မြင်နေတာ၊ သူ့ တစ်ကိုယ်လုံးက ဟန်ဆောင်ပန်ဆောင်တွေချည်းပဲ"

ထိုစဥ်ကတော့ သူက ကျောင်းထဲမှ အပြင်လောကကို ခြေလှမ်းတစ်ဝက်စာသာ လှမ်းဖူး‌သေးသည်။ စုန့်ကျွီးဟန်၏ အကျင့်က လူငယ်လေးတစ်ယောက်၏ ရိုးသားမှုမျိုးဖြင့် ပြည့်နှက်ကာ လူသားဆန်မှုလည်းရှိသည်။ သို့ဖြစ်ရာ သဘာဝကျစွာပင် ဟယ်ကုကလည်း ဖုန်ကျုန်းပြောသည်ကို မယုံကြည်ခဲ့ပေ။ သူတို့နှစ်ဦးကြား ကတောက်တဆတ်ဖြစ်ဖူး၍ ပြော သည့်စကားဟုသာ ထင်ခဲ့မိသည်။ သို့သော်လည်း ဖုန်ကျုန်းကို သူပြန်ငြင်းမနေတော့။ သူ့ အကျင့်က ဘာမှန်းရေရေရာရာမသိနိုင်သော အရာတစ်ခုအတွက် ငြင်းခုန်နေရမည်ကို အ လွန်ပျင်းသည်။ ခေါင်းစဥ်သာပြောင်းပြောလိုက်တော့သည်။

"အကြာကြီး စောင့်နေရတာလား၊ ဝင်ကြစို့လေ"

ဖုန်ကျုန်းက မျက်နှာသုန်မှုန်ကာ တစ်ဖက်သို့လှည့်ထွက်သွားသည်။

ဟယ်ကု သက်ပြင်းချကာ အနောက်ကလိုက်ရတော့သည်။

ငါးပြတိုက်၏ အရွယ်အစားက တစ်နိုင်ငံလုံးတွင် ဗိုလ်စွဲလောက်အောင် ကြီးမား သည်။ တိုက်ကြီးငါးတိုက်မှ ရှားပါးငါးမျိုးစိတ်များကို ရယူစုစည်းကာ အဆင့်အတန်းမြင့်စွာ ပြင်ဆင်ပြသထားသည်။ နေ့စဥ် လက်မှတ်အရေအတွက် ကန့်သတ်ရောင်းချခြင်းဖြင့် လူတွပို ပြီး ငမ်းငမ်းတက် လာချင်အောင်လည်း နည်းဗျူဟာများသုံးထားသည်။ ကြိုတင်လက်မှတ် ဝယ်ထားပြီးလျှင်တောင် အထဲဝင်ခွင့်ရရန် တစ်လခန့် စောင့်ဆိုင်းရသေးသည်။ ဒါကြောင့် လည်း ပြတိုက်ထဲတွင် ကျပ်ညပ်သပ်နေအောင် လည်ပတ်ကြည့်ရှုနေသူများ မရှိနေခြင်းဖြစ် သည်။ ထို့အပြင် လူတိုင်းက ပြတိုက်မှူးထံမှ ပညာရှင်တစ်ဦးပီသသည့် ရှင်းပြချက်များကို သေချာနားထောင်ခွင့်ရနိုင်သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now