Part 13

321 25 3
                                    

ဟယ်ကု ကြက်သေသေသွားရသည်။ 

"သြော်" စုန့်ကျွီးဟန်က သူ့ဖုန်းကို ကိုင်ထားသည်။

"မင်းကသူနဲ့အဆက် အသွယ်ရှိနေတာလား"

"ဟုတ်တယ်"

"ဘယ်တုန်းကလဲ"

"အရင်တစ်ခေါက်က"

"တွေ့ပြီးကြပြီပေါ့"

"အင်း..." ဟယ်ကု စုန့်ကျွီးဟန်၏ ရှုသိုးသိုးမျက်နှာကိုကြည့်ကာ ရင်ထဲမှ သက် ပြင်း ချလိုက်မိသည်။ သူ့မွေးနေ့ပွဲလေးတော့ ဒီတင် ဇာတ်သိမ်းရပြီထင်သည်။

ဖုန်းက မြည်နေဆဲဖြစ်ပြီး စုန့်ကျွီးဟန်၏ လည်မျိုကလည်း အထက်အောက် ရွေ့ လျားလျက်ရှိသည်။ သူ့လက်ချောင်းများက မြန်မြန်လှုပ်ရှားသွားပြီး ဖုန်းခလုတ်ကို နှိပ်ချပစ် လိုက်သည်။

ဟယ်ကု တားချိန်မရမီ စုန့်ကျွီးဟန်က ဖုန်းစပီကာကို ဖွင့်လိုက်သည်။ ဖုန်ကျုန်း၏ ရယ်သံစွက်သော အသံကို ကြားလိုက်ရတော့သည်။

"ဟယ်ကု မွေးနေ့မှာ ပျော်ရွှင်ပါစေ"

စုန့်ကျွီးဟန်က ဟယ်ကုပေါ်ထိုင်လျက်သားဖြစ်နေသည်။ သူက မျက်ဝန်းများ မှေး ကျဥ်းကာ ဟယ်ကုကို စီးမိုးကြည့်လျက်ရှိသည်။

ဟယ်ကုက ဖုန်းကိုယူရန် လက်လှမ်းလိုက်သည်။ စုန့်ကျွီးဟန်က ယူခွင့်မပေးချေ။

သိသိသာသာ ခနဲ့သည့်အသံဖြင့် သူ စကားဆိုလိုက်သည်။

"လူကြီးမင်းဖုန်‌ရေ ဟယ်ကုကို ရှာနေတာများလား"

ဖုန်းက နှစ်စက္ကန့်စာခန့်အသံတိတ်သွားသည်။ ဖုန်ကျုန်း၏လေသံကလည်း အနုတ် နှစ်ဒီဂရီခန့် နိမ့်ဆင်းသွားတော့သည်။ "သြော်... စုန့်ကျွီးဟန်... မင်းတို့ အတူရှိနေတာပဲ"

စုန့်ကျွီးဟန်က ပြုံးကာ ဆိုသည်။

"သေချာတာပေါ့၊ သူ့မွေးနေ့ပါဆို ငါက အဖော်လုပ်မပေးလို့ တခြားလူကို အဖော် လုပ်ပေးခိုင်းရမှာလား"

"နာမည်ကျော်အနုပညာရှင်ကြီးစုန့်ရဲ့ အိပ်ဆောင်တော်ကြီးကကြီးလွန်းတာမို့ သူ့ ကို အဖော်မလုပ်ပေးနိုင်တာ စိုးမိလို့ပါ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now