Part 8

350 36 0
                                    


ဟယ်ကု စုန့်ကျွီးဟန်၏အိမ်မှ ပြေးထွက်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် တင်းမထားနိုင်တော့ဘဲ ပြိုလဲကျလုမတတ်ပင်။ ကံကောင်းထောက်မစွာဖြင့် ဓာတ်လှေကားထဲတွင် မည်သူမျှရှိမနေ။ မဟုတ်ပါက ဘောင်းဘီကိုဆွဲမတင်ထားသော သူ့ပုံစံက မြင်မကောင်းရှုမကောင်း ဖြစ်နေ လိမ့်မည်။

သူ ကားထဲ ပြေးဝင်ထိုင်ပြီး ကားစက်နိုးသည်အထိ မစောင့်နိုင်လောက်အောင် အိမ် ကိုသာ ပြန်မောင်းလိုက်ချင်သည်။

လမ်းတစ်ဝက်အရောက်တွင် ရုတ်တရက်သတိရမိပြန်သည်။ ဒီကားက သူ့ကို စုန့် ကျွီးဟန် ပေးထားခြင်းဖြစ်သည်။ ရုတ်ချည်းပင် အစာအိမ်ထဲမှ ပျို့အန်ချင်လာတော့သည်။ သူ ကားစတီယာတိုင်ကို ထုရိုက်ပစ်ကာ ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။

ပင်လည်း ပင်ပန်းနေပြီဖြစ်ရာ ထိုင်ခုံကိုမှီ၍ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ် ထားမိတော့သည်။

လွန်ခဲ့သော ခြောက်နှစ်အတွင်း စုန့်ကျွီးဟန်က သူ့အပေါ် အငြိုးအတေး ထားခဲ့တာ မျိုးမရှိဖူးပေ။ အိမ်၊ ကား၊ တစ်ခုနှင့် တစ်ခု မထပ်သော တန်ဖိုးကြီး လက်ဆောင်များ၊ အခါ ကြီးရက်ကြီးများအတွက် စာအိတ်နီလေးများ စသဖြင့် အမြဲအချိန်ကိုက် ဖြည့်ဆည်းပေးခဲ့ သည်ချည်းသာ။ ကျွီးဟန် စိတ်ကောင်းဝင်နေချိန်ဆိုလျှင် သူ့ကို ညင်သာစွာဖက်ပွေ့ပြီး ကြင် ကြင်နာနာလည်း ဆက်ဆံသည်။ သူ့ဒေါသကို သည်းခံပေးနေသမျှ နှစ်ဦးသား သဟဇာတဖြစ်နေကြသည်သာပင်။ စုန့်ကျွီးဟန်က သူ့အပေါ် ဆိုးဆိုးရွားရွား မဆက်ဆံဖူးပါပေ။

စုန့်ကျွီးဟန်က တခြားသူများနှင့် အိပ်တတ်သည်။ ပြီးလျှင် ထိုဇာတ်လမ်းများ အ ကြောင်း ကောလာဟလတွေ ထွက်လာတော့သည်။ ဒါကို ဟယ်ကု သွားထိန်းချုပ်၍ မရနိုင်။ သူ ဖုန်ကျုန်းကိုပြောခဲ့သလိုပင် စုန့်ကျွီးဟန်က သူ့ကိုမချစ်။ ဒါလည်း စုန့်ကျွီးဟန်၏ အပြစ် ဟု မဆိုသာပေ။ သူတို့နှစ်ဦးသားကြားမှာ ကတိကဝတ်၊ သဘောတူညီချက်ဟူ၌ ထားထား သည်လည်းမဟုတ်။ စုန့်ကျွီးဟန်ကြောင့် ခံစားခဲ့ရသော စိတ်အနာတရများအားလုံးက သူ့ ဘက်က လိုလိုလားလားနှင့် သူ့ဒုက္ခသူရှာပြီး လက်ခံယူထားခြင်းများသာဖြစ်သည်။ ဆက်ပြီး သည်းညည်းခံသွားရန်လည်း ဆန္ဒရှိခဲ့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now