Part 9

362 28 0
                                    

စုန့်ကျွီးဟန်က လျှောက်လမ်းကိုကျော်ကာ ရှုပ်ယှက်ခတ်နေသော အပေါက်ဝကိုလှမ်းကြည့် သည်။ ထို့နောက် မျက်စောင်းထိုးလိုက်ရင်း နံရံကိုမှီချကာ ပင့်သက်ရှိုက်မိတော့သည်။ နှုတ်မှ လည်း တစ်ခုခုဆဲဆိုလိုက်သေးသည်။

ဟယ်ကုက သူ့ကုတ်အင်္ကျီကိုချွတ်၍ ကျွီးဟန်၏ခေါင်းပေါ်မှ အုပ်လိုက်သည်။

"ငါ သူတို့ မင်းအနားမကပ်လာအောင် လုပ်ပေးမယ်၊မင်း ခေါင်းငုံ့ပြီးလျှောက်လာရင် ရပြီ"

"ငါက အရက်လေးပဲ သောက်မိတာနော်၊ သူခိုးမဟုတ်ဘူး" စုန့်ကျွီးဟန်က ကုတ် အင်္ကျီကို ပြန်ပစ်ချသည်။

"မူးနေတုန်း ဓာတ်ပုံရိုက်ခံလိုက်ရရင် မကောင်းဘူးလေ" ဟယ်ကုက အဝတ်များ ကိုကိုင်ကာ ခေါင်းငုံ့ထားခိုင်းသည်။ သူ စုန့်ကျွီးဟန်ကို အသံတိတ်မျက်ဝန်းများ ဖြင့်လှမ်း ကြည့်လိုက်သည်။

"စကားနားထောင်ပါကွာ၊ ငါမင်းကို ခေါ်ထုတ်သွားပြီးရင် ကားထဲဝင် လိုက်ရုံပဲ"

စုန့်ကျွီးဟန်တွင် အနည်းငယ် စနောက်တတ်သော သွေးနှော အမျိုးကောင်းသား လေး ဟူသည့် ပုံရိပ်မျိုးရှိသည်။ လူတွေကို မင်းသားလေးတစ်ယောက်လို ဟန်ပန်မျိုးဖြင့် အမြဲဆက်ဆံတတ်သည်။ ယခုလို သောက်စားမူးရူးနေလျှင်တောင်မှ စတိုင်တစ်မျိုး ကွဲပြား နေပြန်သည်။ သို့သော် စုန့်ကျွီးဟန်၏ ဖခင်ကတော့ ထိုကဲ့သို့ ရုတ်ချည်းဆန်သော အဖြစ်အ ပျက်များကို မုန်းလှသည်။ တစ်ခုခုချွတ်ချော်ခဲ့လျှင် ရှောင်စုန့် ထမင်းအိုးကွဲ သွားလိမ့်မည်။

စုန့်ကျွီးဟန်၏ ဘဝတွင် သူလုပ်သမျှသည် သူ့နှလုံးသားဆန္ဒမပါ။ သူ့စိတ်ဝိညာဥ် ထဲမှ နက်ရှိုင်းစွာချစ်သည့်အရာဟူ၍ ဂီတတစ်ခုတည်းသာရှိသည်။ ထို့ကြောင့် ဇွတ်တရွတ် နိုင်သူဖြစ်သော်ငြား သူ့အသံကို ထိန်းသိမ်းရန်တော့ သူ့ကိုယ်သူ စည်းကမ်းတင်းကျပ်စွာ ချ မှတ်ထားသူဖြစ်သည်။ ပုံမှန်အားဖြင့် ဝိုင်နီ တစ်ခွက်၊ နှစ်ခွက်သာ သောက်လေ့ရှိပြီး အများ ကြီး သောက်ခဲလှသည်။ အရက်ပမာဏများများသောက်ခြင်းက မကောင်းပေ။ နိုးကြားနေ ချိန်တွင်တော့ ဒီဖြစ်ရပ်မျှလောက်ကို သူကိုယ်တိုင်ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ယခုတော့ ဟယ်ကုက သူ့ကို ပြန်ကာကွယ်ပေးနေရသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now