Part 30

303 26 2
                                    

ဟယ်ကု တစ်နေ့လယ်ခင်းလုံး အလုပ်ရှုပ်နေခဲ့သည်။ အလုပ်ဆင်းချိန်ရောက်မှ ကုချင်းဖေဆီ က ဖုန်းမလာတာကြာပြီမှန်း ရုတ်တရက် သတိရသွားတော့သည်။ ကုမ္ပဏီ၏ Group Chat တွင်လည်း ပေါ်လာပုံမရပေ။ သူ့ကို မယုံသင်္ကာ မဖြစ်စေရန် ရှောင်ဖယ်နေခြင်းမျိုးလား။

ဟယ်ကု ဖုန်းကိုထုတ်၍ ကုချင်းဖေထံ ဖုန်းခေါ်လိုက်သည်။

ဖုန်းက ဝင်သွားပြီးအချိန်အတော်ကြာမှ လာကိုင်သည်။ ကုချင်းဖေ၏အသံက ပင် ပန်းနေပုံရသည်။ "အင်း ဟယ်ကု"

"မစ္စတာကု အခုတလော အဆင်ပြေရဲ့လား၊ ကြည့်ရတာ အရမ်းအလုပ်များနေပုံပဲ"

"ဟုတ်တယ်" ကုချင်းဖေ အောင့်သက်သက်ပြုံးမိသည်။ အလွန်ပါးရည်နပ်ရည်ရှိ ပြီး စကားပြောညက်သော၊ မည်သူနှင့်မဆို စကားပြောဆိုတတ်သော ကုချင်းဖေအတွက် ဒီ လို မူမမှန်ဖြစ်ရတာ ပထမဆုံးအကြိမ်ပင်။

"ခင်ဗျား အဆင်ပြေရဲ့လား၊ အပြင်လေးဘာလေးထွက်ပြီး စကားစမြည် ပြောချင် လား" တခြားသူများနှင့် ဆက်သွယ်ရန် ကြိုးစားနေမိမှန်းလည်း ဟယ်ကု ကိုယ်တိုင် သတိ ထားမိသည်။ စုန့်ကျွီးဟန် မရှိသည့်နောက် ခံစားရသော လစ်ဟာမှုကြီးကို ပြန်ဖြည့်စွက်နိုင် ရန် မိသားစုများနှင့်တွေ့ဆုံခြင်း၊ မိတ်ဆွေများနှင့် ခင်မင်မှု တည်ဆောက်ခြင်းများဖြင့် အစား ထိုးနေမိခြင်းပင်။ သူက အပေါင်းအသင်းနည်းနည်းဖြင့်သာနေလိုပြီး အမှီအခိုကင်း လွတ်လပ် သူဟု သူ့ကိုယ်သူ ထင်ခဲ့ဖူးသည်။အမှန်ကတော့ သူ့စိတ်လေး၏မှီတွယ်ရာအဖြစ် စုန့်ကျွီးဟန် တစ်ယောက်တည်းအပေါ် နှစ်ပေါင်းများစွာ ပုံအပ်ထားခဲ့မိခြင်းဖြစ်သည်။ သူ့အမှီအခိုလေး ကို ဆုံးရှုံးရလုဆဲဆဲ ဖြစ်သွားသည့်အခါ အခြား အမှီအခိုအသစ်တစ်ခုရှာရန် လိုအပ်လာတော့ သည်။

အဆုံးမှာတော့ သူလည်း လူသားတစ်ယောက်ပါပဲလေ။

ကုချင်းဖေကဆိုသည်။ "အခုတလော ကိစ္စတွေ အများကြီးဖြစ်သွားတာမို့ ငါထားခဲ့ လို့ မရဘူးဖြစ်နေတာ၊ ရက်နည်းနည်းလောက်နေရင် မင်းဆီဖုန်းဆက်လိုက်မယ်လေ" သူက ပြုံးလိုက်ရင်း "မင်းအားမအားတော့ မသိဘူးပေါ့"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now