Part 6

438 36 0
                                    


ဟယ်ကုက သူ့ကို ခြောက်ကပ်ကပ်နိုင်စွာပြုံးပြသည်။

"ဖုန်ကျုန်း မင်းက ငါနဲ့စုန့်ကျွီးဟန်ကြားက ဆက်ဆံရေးကို တစ်ခုခု အထင်လွဲ နေသလိုပဲ၊ ဒီနှစ်တွေထဲမှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် အဖော်သဟဲသဘောပါပဲ၊ သူ့ရဲ့ကောလာဟလ သတင်းတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါနဲ့လဲ သိပ်မဆိုင် ပါဘူး"

ဟယ်ကု အမှန်အတိုင်းပြောရန်သာ ဆုံးဖြတ်လိုက်သည် ဖုန်ကျုန်းတစ်ယောက် ဒီအကြောင်းနှင့် တိုင်လာပတ်နေမှာကို သူမလိုလား။ အမှန်တော့ သူ ကိုယ့်အတွက်ကိုယ် တွေးပြီး လုပ်မိခြင်းလည်း ဖြစ်သည်။ ဟယ်ကုက ဖုန်ကျုန်းကိုယ်တိုင် အကြောင်းစုံသိသွား သည် အထိစောင့်မနေဘဲ ဦးအောင်ဖွင့်ပြောထားပြီး စိတ်အေးအေးသာ နေလိုက်ချင်သည်။

ဖုန်ကျုန်းက လက်သီးကိုဆုပ်လိုက်ပြီး လေသံကလည်း အေးခဲသွားလေသည်။

"ဒါဆို စုန့်ကျွီးဟန်ပြောတဲ့ မင်းကသူ့ရဲ့ မောင်းမဆောင်ထဲက ကိုယ်လုပ်တော် တစ်ယောက်ဆိုတဲ့ စကားက နောက်နေတာမဟုတ်ဘူးပေါ့"

ဟယ်ကု အလွယ်သာ ပြုံးပြလိုက်သည်။

ဖုန်ကျုန်းက ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး ဟယ်ကုကို မေးခွန်းများပါသော မျက်ဝန်းများဖြင့် ငေးကြည့်လာသည်။ ကျဉ်းမြောင်းပြီး နက်ရှိုင်းသော မျက်ဝန်းများမှာ စူးရှတောက်ပလျက် ဟယ်ကု၏ ရင်ထဲအထိ ထွင်းဖောက် မြင်နိုင်နေသကဲ့သို့ပင်။

ဟယ်ကုခမျာ ဖုန်ကျုန်း၏အကြည့်များကြား နေရခက်လာသောကြောင့် ဝိုင်

ခွက်ကို ယူကာ သောက်ချ လိုက်တော့သည်။

"ဒီနှစ်တွေထဲ မင်းနဲ့ စုန့်ကျွီးဟန်က တကယ် အတူအိပ်ရုံပဲလား"

ဖုန်ကျုန်း၏ အသံက အေးစက်လှသလို ဒေါသထွက်နေဟန်လည်း ပေါက်သည်။

ဟယ်ကုက ထရပ်လိုက်သည်။ သူပြန်ဖြေပုံမှာလည်း တည်ကြည်လေးနက်သွား တော့သည်။

"ဖုန်ကျုန်း၊ ငါနဲ့ ကျွီးဟန် ဘယ်လိုဆက်ဆံရေးဖြစ်ဖြစ် ဘယ်သူ့အပူမှ မပါဘူး၊ ဒီ နေ့တော့ ငါက မင်းကို ပျော်ပျော်ပါးပါးစားကြဖို့ဧည့်ခံတာမို့ တခြားလူတွေအကြောင်း ပြော မနေပါနဲ့ကွာ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now