"ကျောင်းသွားမတက်ခင် သားမေမေရဲ့ အမျိုးတွေဆီ မန္တလေးကို အလည်သွားပါ့လား"
Jiminတွေတွေကလေး စဉ်းစားရသည်။အဘိုးတစ်ယောက်တည်း ခြံနဲ့ မဖြစ်သေးပါဘူး
သူကျောင်းပြန်မသွားခင် အဘိုးကိုကူရအုံးမယ်လေ"မသွားချင်ပါဘူး"
အဘိုးက မြေးဖြစ်သူရဲ့စိတ်ကိုသိတာမို့ ပုခုံးကလေးသာ ဖတ်လိုက်သည်။
"မြေး တောင်ကြီးကျောင်းသွားတက်လည်း အဘိုးဘေး ဘယ်သူမှမရှိဘူးမြေးငယ် အဘိုးကို မင်းညီမဝမ်းကွဲတွေလာကူကြပါတယ် "
Jiminပြုံးကာ ခူးပြီးသား မုန့်လာထုပ်ပွင့်တွေကို တောင်းထဲ ရေတွက် ထည့်နေလိုက်တော့သည်။
"အဘိုး ကားငှားလိုက်တော့မယ်နော်မြေး"
"ဟုတ်"
°°°°
မန္တလေးကို မရောက်တော့တာ ၅နှစ်သားကတည်းမလား အခုပြန်သွားရမယ်ဆိုတော့ ရင်ထဲ တစ်မျိုးလေး မေမေ့ အမျိုးတွေက ရောက်ရောက်ချင်း ဘယ်တုန်းကမှ ခြေမချခဲ့တဲ့သူ့ကို မျက်ဝန်းစိမ်းများနှင့် ကြိုဆိုကြမလား ရွှန်းလက်တောက်ပတဲ့ မျပ်ဝန်းတွေနဲ့ဘဲ ကြိုဆိုနေကြမလား ဒါမှမဟုတ်အမွေလိုချင်လို့ အခုမှလာတယ်လို့ရော ထင်နိုင်တာဘဲ...မေမေက သူ့မိဘတွေ သဘောမတူတဲ့ဓနုလူမျိုးတိုင်းရင်းလူငယ်လေးဖေဖေနဲ့ ခိုးရာလိုက်ပြေးခဲ့၍ မေမေ့ခဗျာမန္တလေးက အိမ်ကို ခြေချခွင့်တောင်မရခဲ့ရှာဘူးတဲ့ သူ့ကိုမွေးလာမှသာ မေမေ့အမျိုးတွေက ပြန်ခေါ်တယ်ဆိုလားဘဲ
ဖွားဖွားဒေါ်ရွှေမြခက်ဟာ သိပ်ချမ်းသာသလို သိပ်အတ္တလည်းကြီးပြန်တယ် သမီးဖြစ်သူကို ပြန်ခေါ်တာတောင်မှ မေမေနဲ့မြေးဖြစ်သူကိုဘဲခေါ်ပြီး အဖေ့ကို သူ့အိမ်ရိပ်မနင်းရဘူးတဲ့လေ
အတိတ်ကမိဘတွေအကြောင်း တွေးနေလိုက်တာ ...သြော် မန္တလေးရောက်နေပြီဘဲ....
တံခွန်တိုင်ဝိုင်းကိုရောက်၍ မန္တလေးမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကိုတွေ့ရပြီ.....
ကားလေးသည် ၈၄လမ်းမပေါ်သို့ တစ်လှိမ့်ချင်း လှိမ့်၍နေပြီ နှလုံးခုန်နှုန်းကလည်း တဒုတ်ဒုတ်နဲ့စည်းချက်ကျနေပေပြီ.....
YOU ARE READING
you are cool
Fanfictionမောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြတ်နိုးခြင်းတွေပါ အချစ်ထဲပေါင်းစပ်ထားတာမို့