"ဒါ ဖွားဖွားတို့ ဆောက်ထားတဲ့ ကျောင်းလေ မင်းမေမေနာမည်တော့မပါဘူး"
Jiminကျောင်းဆောင်နံရံမှာ အင်္ဂတတွေဖြင့် ထွင်းထားတဲ့ အလှူရှင်နာမည်တွေကို ကြည့်လိုက်မိသည်။ဟုတ်ပါရဲ့ အဖွားနာမည်နဲ့ သမီးဖြစ်သူ မြခက်နွယ် ဆိုတာဘဲ တွေ့ရသည်။အဖွားယောက်ျားနာမည်လဲ မတွေ့ရပေ။
"ဒီကျောင်းဆောင်ကြီးကို မင်းမမွေးခင်ကတည်းက စတင်လှူဒါန်းခဲ့တာ ကြာလာတော့ ပျက်စီးတာပေါ့ အခုတော့ ပြန်ဆောက်မယ် မင်းမေမေနဲ့ မင်းနာမည်ပါ ထည့်ရမယ်"
"နေပါစေ ကျွန်တော့် နာမည် မလိုအပ်ပါဘူး"
ဒေါ်ဒေါ်က ပြုံးလိုက်သည်။
"မင်းက ငါတို့ရဲ့ တစ်ဦးတည်းသော မျိုးဆက်ဘဲ ဂျီမင် ညီမလေးရဲ့ သွေးသားအရင်းလေ ဒေါ်ဒေါ်တို့ ပိုင်ဆိုင်သမျှ နောက်ဆို မင်းဘဲ ထိန်းသိမ်းရမှာ"
ဂျီမင် ဘာမှပြန်ပြောမနေတော့ပေ။ဒီလောက်ဆိုသိပြီ သူ့ကို ဖွားဖွားတို့ ကြိုးကိုင်ကြတော့မယ်မလား သူမနေနိုင်ပါဘူး ဖွားဖွားတို့ရဲ့နောက်ဆုံးမျိုးဆက်ဆိုပြီး မိန်းကလေးနဲ့ လက်ဆတ်တာ ဘာညာ လာတော့မည်။သူသဘောကျနေတာ မိန်းကလေးမှ မဟုတ်ဘဲ
"မြေး"
"ဗျာ"
"ကျောင်းပြီးတာနဲ့ ဖွားဖွားတို့အိမ်ပြန်လာရမယ် ပြီးရင် ဖွားဖွားအလုပ်တွေ ယူဖို့ ပြင်ဆင်ထား"
အဖွားက အမိန့်ပေးတာမဟုတ်ပေမယ့် သူ့ဖြေရှင်းချက်ကိုလည်း လက်ခံမှာမဟုတ်ပေ။အခုလည်း ပြောပြီးတာနဲ့ ဒေါ်ဒေါ်နဲ့ နှစ်ယောက်သား ကျောင်းဆောင်အသစ်ဆောက်ဖို့တိုင်ပင်တီးတိုးပြောရင်း သူ့နားက ထွက်သွားလေပြီ....
"ဟယ် နွယ် မတွေ့တာကြာပြီနော်"
"မန္တလေးရောက်နေတာလား ဒီဒီ"
"ဟုတ်တယ် တူလေးတို့နဲ့အလည်လာတာ ဒါဝေယံလေ မင်းမှတ်မိလား "
"မှတ်မိပါ့ သူငယ်ငယ်က ဝတုတ်လေးလေ ကြီးလာတော့ တို့လည်း အလုပ်မအားတာနဲ့ မင်းတို့အိမ်ဘက်တောင် လှမ်းမကြည့်ဖြစ်ဘူးကွာ"
ဒေါ်မြခက်နွယ် ဘဝမှာ အမေရယ် ညီမရယ် အလုပ်ရယ်က လွဲရင် ဘာမှ စိတ်ဝင်တစားမရှိခဲ့၍ အခုချိန်ထိအပျိုကြီးဖြစ်လာခဲ့တာမလား အခုလည်း ခြံကြီးကပ်ရပ်ဖြစ်ပါလျက် ဒီဒီတို့ရောက်နေတာ တကယ်မသိဘူး မသိတာကလည်း တူတော်မောင်အတွက် မေမေ စုံစမ်းခိုင်းသည့် အလုပ်နဲ့ ပတ်သတ်တဲ့ သင်တန်းတွေ စုံစမ်းနေတာနဲ့ အလုပ်ရှုပ်နေရတာ
YOU ARE READING
you are cool
Fanfictionမောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြတ်နိုးခြင်းတွေပါ အချစ်ထဲပေါင်းစပ်ထားတာမို့