twenty two

181 24 17
                                    

"တော်ပါတော့ မမရယ် ကျွန်မသားကို ဘာလို့ အစ်မတို့ စစ်ပွဲထဲ ဆွဲထည့်ချင်ရတာလဲ"

"ကင်မ် နင့်ငါ့ကို အော်နေတာလား ငါက နင့်အစ်မနော်"

"တော်ပါတော့ မမရယ် ထယ်က ညီမသားပါ အဆိပ်ခတ်တာ လျှော့ပါ ဖြစ်နိုင် အဆိပ်မခပ်ပါနဲ့တော့ သူ့ဘဝလေးသူ့အိမ်ထောင်နဲ့သူ နေပါစေ သူ့ကို လွတ်လပ်ခွင့်ပေးပါ ကျွန်မသိပ်စိတ်ပျက်နေပြီ"

"ကင်မ် ငါက နင့်ထက်အကြီး"

"တော်ပါပြီ မမရယ် ဒါနဲ့ဘဲ ကိုင်ပေါက်မနေနဲ့ ကျွန်မသားနားလေး မမမကပ်ပါနဲ့တော့ ဒီနေ့ကစပြီး မမ သားနားကပ်ဖို့ ကျွန်မ ခွင့်မပြုချင် တော့ဘူး"

"ဘာ နင်က အငယ် ငါ့ကို အမိန့်ပေးနေတာလား ကင်မ်"

"ထင်ချင်သလို ထင် ဒီထက် သားကို စိတ်ကင်ဆာပေးလို့ကတော့ ချက်ချင်း ပင်းတယပြန်မှာနော် မမညို"

သူမပြောပြီး အားရသည်နှင့် သားအခန်းဘက်ထွက်လာခဲ့သည်။

သားအခန်းထဲ သွားလိုက်တော့ အိပ်ယာထဲ ကွေးကွေးလေး လဲနေတာ

"သား နေကောင်းရဲ့လား"

ထယ်ယောင်း မျက်လုံးကလေး ပွင့်လာကာ သူ့မေမေ လှမ်းကြည့်သည်။

"‌‌သားချမ်းလို့"

သူ့မေမေ သူ့ကို နဖူးကလေးစမ်းကြည့်သည်။

"ဖျားနေတာဘဲ ဆေးသောက်မလား ဒီအချိန် ဆရာဝန်ခေါ်ဖို့မလွယ်ဘူး"

ထယ်ယောင်း ခေါင်းလေးခါသည်။

"မသောက်ချင်ဘူး အိပ်လိုက်ရင်ပျောက်မှာပါ မေမေ အိပ်တော့လေ သားအိပ်ချင်ပြီ"

သူမ သားပုခုံးပေါ်ထိစောင်ဆွဲခြုံပေးလိုက်ပြီး မီးအိမ်ကလေးပါပိတ်ပစ်လိုက်သည်။

"Good nightသား"

"ဟုတ်"

မေမေ ထွက်သွားတာနဲ့ သူဖက်လုံးကို ကျစ်နေအောင်ဖက်ထားလိုက်သည်။

"မောင့်ရင်ခွင်ထဲ နေချင်လိုက်တာ"

ဖက်လုံးကလေးကို မောင်ဟု သူတွေးလိုက်သည်။မောင်ဆိုတာဘယ်သူလဲ သူမသိပေမယ့် အခုသူနေချင်တဲ့ရင်ခွင်က ဂျီမင့်ရင်ခွင်
ဂျီမင့်ရင်ခွင်ထဲ သူခိုလှုံချင်တယ်

you are coolWhere stories live. Discover now