Ⓣⓗⓘⓡⓣⓔⓔⓝ

141 16 12
                                    

ဘုရားကျောင်းတော်ရှေ့ အမွှေးနံ့သာတို့စုံလင်နေသည်။စံပယ်ပန်းကုန်းတွေ ချိတ်ဆွဲပူထားခြင်းနှင့်အတူ ဘုရားပန်းအိုး သုံးအိုးမှာ ဂန္ဓာပန်းတွေက ဝေဆာနေသည်။အမွှေးတိုင်နဲ့အတူ ဆီမီးးဖယောင်းတိုင်တို့မှာလည်း  မွှေးကြိုင်မှုနဲ့ လင်းထိန်မှု  ပြိုင်နေကြသည်။ဘုရားကို ဝပ်တွားခယရိုသေစွာ လက်‌ဆယ်ဖြာ နဖူးထက်မိုး၍မျက်လုံးအစုံကို မှိတ်ကာ နှုခမ်းထက်ဖွဖွလေး လှုပ်နေပုံအရ ဘုရား၏စာ ရွတ်နေတာ...

ဂျီမင်ဘေးကနေငေးကာ ကြည့်နေတာ နာရီဝက်တောင်ရှိနေပြီမလားးး ဘယ်အချိန်မှာ ကိုကိုက အလှဆုံးလဲဆို မညာတမ်းပြောရရင် ဘုရားဝတ်ပြုချိန်ဘဲ အစက ကိုကိုက မေတ္တာသုတ်ကလွဲရင် ဘာမှမရဘူးတဲ့လေ အဘိုးက ဘုရားစာအုပ်တွေ ပေးဖတ်တာနဲ့ အသံထွက် ထောက်ပေး‌တာနဲ့ ကိုကို အခု ပရိတ်ကြီး တစ်ဆယ့်တစ်သုတ်လုံး အလွတ်ရနေပြီ....

ထယ်ယောင်း ကြမ်းပြင် ဦးတိုက်ကာ ကန်တော့ပြီးသည်နှင့် ဂျီမင့်ဘက်လှည့်ကြည့်သည်။

"မောင်....တောထဲ သွားဖို့ ပြင်ပေးရတော့မလား"သွားဖို့ ပြင်ပေးရတော့မလား"

ဂျီမင် ခေါင်းကလေးခါကာ ထယ်ယောင်း နားထင်က ဆံကေသာလေးကို နားနောက်သပ်ပေးသည်။

"အစောကြီးရှိသေးတယ် မနေ့က အရေးတကြီး ပစ္စည်း အမှီ ပို့ဖို့ ကုန်သည်က အားချင်း ဖုန်းဆက်လို့"

"ဒါဆို ကိုကို ဆွမ်းချက်ဖို့ မောင်ကူပါအုံး"

"ဟုတ်"

မောင်က အရင်ထကာ သူ့လက်ကလေးဆွဲထူသည်။အောက်ထပ်အသာဆင်းကာ မီးဖိုချောင်ထဲ ဝင်ရသည်။

"ကိုကို ဆန်ဆေးနှင့် မောင် မုန်လာထုပ်သွားခူးခဲ့မယ် ဟင်းချက်တာ မောင်လုပ်မယ်နော် ကိုကို ငရုပ်သီးက မောင်ဘဲထောင်းမယ် ကိုကို လျှောက်လုပ်မနေနဲ့နော်"

"အင်း"

ဂျီမင် အိမ်ထဲကနေထွက်ကာ စိုက်ခင်းထဲက ‌မုန်လာထုပ်ကြီး ဓါးနှင့်ဖြတ်ယူလိုက်သည်။ရုတ်တရက် ခြံစည်းရိုးနား လူရိပ်တွေ့တော့ စူးစမ်းကြည့်ကာ

"ဘာ်သူလဲ"

"ဒေါ်ဒေါ်ပါ"

ဂျီမင် ခြံစည်းရိုးနားသွားလိုက်သည်။ဒေါ်ဒေါ်နဲ့ဦးလေးကြီးတစ်ယောက်

you are coolWhere stories live. Discover now