Ⓔⓘⓖⓗⓣ

160 21 22
                                    

ရေပေါ်မြို့ကလေးက သိပ်လှတာဘဲ....

အင်းသူအင်းသားတို့က မနက်ဆို လှေလေးလှော်ကာ ငါးဖမ်းထွက်သူနဲ့ ရေပေါ်ဈေးသွားသူနဲ့ ထယ်ယောင်းတစ်ယောက်လှေစီးရင်း လိုက်ငေးနေမိသည်။

နောက်ခံက တောင်နံရံတွေ ဝိုင်းနေတဲ့ အင်းလေးအိုင်ကြီးပေါ်က တိမ်သားတိမ်လိပ်တို့ရေပြင်ပေါ်ထင်ဟပ်နေပြန်သည်။

ကိုကိုက ဒီနေ့မှထူးထူးဆန်းဆန်း ပါးကွက်ကလေးနဲ့ သနပ်ခါးလေး ကွက်လာသည်။တကယ်အူယားစရာလေး အသားလေးက ဖွေး‌ဥနေကာ ဝတ်ထားတဲ့ အင်းလေးအရောက် အမှတ်တရ အင်္ကျီအဖြူလေးကို ရှမ်းဘောင်းဘီ ပင်နီရောင်လေးနဲ့ သိပ်လိုက်ဖက်တာ ရေတွေကို လက်သွယ်သွယ်လေးတွေနဲ့ထိတွေ့လိုက် လည်ပင်းက ဆွဲထားတဲ့ cameraနဲ့ သူ့စိတ်ကြိုက် တွေ့ရင်လှမ်းရိုက်နဲ့ ဂျီမင် လှေလှော်ရင်းငေးနေမိသည်။

ထယ်ယောင်း ကင်မရာလေးချကာ လက်အုပ်ချီလိုက်တာမို့ ဂျီမင် ထယ်ယောင်း လက်အုပ်ချီရာမျက်လုံးလေး‌‌ ရောက်တော့ ဘုန်းကြီးသံဃာတော်တွေ လှေပေါ်ကနေ ဆွမ်းခံကြွသည်။အမျိုးသမီးကြီးတွေ အမျိုးသမီးငယ်တွေက အိမ်ရှေ့ကပြင်ပေါ် ပုဆစ်တုတ်ထိုင်လျက် ဆွမ်းခဲဖွယ်များကို ကိုင်ဆောင်ကာ ‌ဆွမ်းလောင်းကြလေသည်။

"မောင်"

"ပြောလေကိုကို"

"ငါ ဘဘုန်းကိုဖူးချင်တယ် ဘဘုန်းကိုဘယ်အချိန် ဖူးလို့ရမလဲ"

"ဘဘုန်းတို့ ဘုန်းကြီးကျောင်းတည်ဆောက်ဖို့ ဆွေးနွေးနေတာနဲ့ မအားသေးဘူးကိုကို မောင်တောင် မနက်ဖန်ပြန်ရမှာ ဘဘုန်းက ဒီမှာကြာမှာတဲ့"

ထယ်ယောင်း ဂျီမင့်ကို တအံ့တဩလေးကြည့်သည်။

"အခုမှပြေရလား‌ မောင်"

ဂျီမင်ပြုံးသည်။ကိုကိုက စိတ်ဆိုးတယ်မဟုတ်ပေမယ့် စိတ်ထဲမကျေနပ်နေတာ သူသိသည်။သူနန့်ပန်ရွာဘက်လှေလေးလှော်လာခဲ့သည်။

ကိုကိုနဲ့အတူ အခုလိုလည်ရတာသူ့အတွက်ပျော်စရာကောင်းတာထက်ပိုသည်။သူတို့ နန့်ပန်ရွာကစား‌သောက်ဆိုင်တစ်ဆိုင်မနက်စာစားဖြစ်ကြသည်။

you are coolWhere stories live. Discover now