Ⓔⓘⓖⓗⓣⓔⓔⓝ

148 18 9
                                    

"မောင် ငါဖုန်းဆက်မယ်နော် "

မောင်က ကလေးလေးတစ်ယောက်လိုဘဲ သူ့ကို မခွဲချင်တဲ့ရုပ်လေးနဲ့ မူကြိုကလေးလေးက အိမ်ကလူကြီးတွေကို မူကြိုပို့ခါနီး ဖြစ်ပျက်နေတဲ့ ရုပ်ကလေး

"မောင် အဲ့လိုကြီးရပ်မနေနဲ့ ဖက်ပါအုံး ကိုကိုတို့ ၁ပတ်တောင်ခွဲရမှာ"

မောင်သူ့ကိုဖက်သည်။ပုခုံးပေါ်ပါးလေးအပ်လာကာ

"မောင်စိတ်မချဘူး ကိုကိုရယ်"

သူမောင်နဲ့ဖက်တာဖယ်လိုက်ပြီး မောင့်ပါးကလေး အသာကိုင်လိုက်သည်။

"ကိုကို့မိဘအိမ်လေ မောင်ရယ် စိတ်မချစရာလား ကိုကိုမောင့်ကို အိမ်ကလက်ခံလာအောင်ကြိုးစားခဲ့မှာမလို့ မောင်စိတ်မချတာ လျှော့ပါကွာ"

မောင်ကဘာမှပြန်‌မပြောပေ။လက်ကလေး ဆုပ်ကိုင်ကာ

"လက်စွပ်ကလေးကို ဘယ်တော့မှ မချွတ်နဲ့နော် မောင့်ကလေးလေးနား‌မောင်အမြဲ ရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးမို့ မောင့်ကလေးလေးက လက်စွပ်ကလေးကိုမချွတ်ရဘူးနော်"

သူခေါင်းကလေးငြိမ့်လိုက်သည်။

မောင့်နဖူးပေါ် သူ့နှုတ်ခမ်းလေးကပ်လိုက်တော့သည်။

"ကိုကို..."

ခြံတံခါးဖွင့်ဝင်မည်လုပ်တုန်း မောင့်ခေါ်သံကြောင့် သူပြန်လှည့်လိုက်မိသည်။

မောင်က ကျောပိုးအိတ်ထဲက စာအုပ်လေးထုတ်ကာ သူ့ကို လှမ်းပေးသည်။

"ဒါလေး ကိုကိုပြီးအောင် ဆက်ဖတ်ရအုံးမယ်လေ"

သူလှမ်းယူလိုက်သည်။မောင်က သူ့ပါးပြင်ကလေးပေါ် အနမ်းပွင့်ကလေး ဖန်တီးလိုက်သည်။

"ဘယ်ဘက်ပါးကလေးကို အရင်နမ်းထားမယ်ကိုကို ကိုကိုပြန်လာမှ ညာဘက်ပါးကလေး နမ်းတော့မယ်"

မောင့်အပြောကြောင့် သူပြုံးရယ်လိုက်မိတော့သည်။

"စိတ်ချမောင် ငါမောင့်အနမ်းကို တမ်းတနေမှာ"

သူခြံထဲဝင်လာလိုက်တော့သည်။မိဘအိမ်ကို လာတာမို့ မရဲတာမရှိပေ။မောင်တစ်ယောက် ငါ့ကို လွမ်းရင် ဖုန်းဆက်နိုင်တာမို့ တစ်ပတ်လောက် အိမ်မှာ ‌စိတ်ချလိုက်ချနေပါအုံးမယ်....

you are coolTahanan ng mga kuwento. Tumuklas ngayon