မောင့်အတွက်

163 12 2
                                    

မောင်ကရှေ့ကဝယ်
ထယ်ကနောက်လိုက်လို့
အင်းလေရေကြည်ကြည်ထက်မှာ
ပဒုမ္မာ ပန်းကြာစည်းကိုပိုက်လျက်
လှေကိုလှော်ခတ်ရင်း
အချစ်ခရီးလေးဆက်ခဲ့ကြလေ၏။

ပြာလဲ့လဲ့ ကိုစိန်ပန်း
ထိုင်နေကြ သစ်သားတန်းရှည်
တို့နှစ်ဦး၏ ချစ်သက်သေဟုပြောလျှင်
သူတို့ ပြုံးကြပေလိမ့်မည်။

မြို့မဈေးကိုပတ်လျက်
တို့ဟူးပူပူနှင့် ရေနွေးကြမ်းအတူ လွေးခိုက်
ချစ်စကားအစပျိုးခဲ့သည့်မောင်
ရွှေဘုန်းပွင့် စေတီထက်ဝယ်
မောင်နှင့်ကိုကိုဟူသော
ချစ်သက်သေနာမ်စားများသမိုင်းဝင်ခဲ့ကြလေသည်။

ချစ်ရသူနဲ့သာဆို
မည်သည့်အဆောင်အယောင်မျှမရှိဘဲ
လက်ဖဝါးချင်းယှက်လျက်
မန္တလေး ဈေးချို တစ်ခွင်ပတ်ကာ
စာအုပ်ဆိုင်တန်းများဆီ
ခြေလျှင်လှမ်းကြပေလိမ့်မည်။

ပုန်းတလုတ်ကန်ရှေ့ရောက်တိုင်း
အချစ်ကန် ကျေးဇူးရှင်ကန်ဟု ရေရွတ်ရင်း
ပြုံးမိကြတဲ့အခါ
တို့နှစ်ဦးနှင့်စာဖတ်သူတို့သာသိကြပေလိမ့်ည်။

16.1.2024
ကင်မ်ထယ်‌ယောင်း








လကျဖဝါးခငြျးယှကျလကြျ
မန်တလေး ဈေးခြို တဈခှငျပတျကာ


16.1.2024

you are coolWhere stories live. Discover now